Local Celebrity: ပရိသတ်ကို တောင်းပန်ထားတဲ့ ရွှေထူး

သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ တစ်ဆင့် တောင်းပန်ထားတာ ဖြစ်ပါတယ်။

play

 

အောက်တိုဘာ(၂၃)ရက်နေ့ ဗန်းမော်မြို့မှာ ကျင်းပမယ့် ဖျော်ဖြေပွဲသို့ ရွှေထူးအနေနဲ့ လာရောက် မဖျော်ဖြေနိုင်တာကြောင့် ဗန်းမော်ပရိသတ်များကို သူ့ရဲ့ ဖေ့စ်ဘွတ်ကနေ တစ်ဆင့်တောင်းပန်ထားပါတယ်။ မိသားစု ပြဿနာကြောင့် ဖျော်ဖြေရေးပွဲကို မလာနိုင်တဲ့အတွက် ပရိသတ်များနဲ့ ပွဲစီစဉ်သူများအားလုံးကို ရွှေထူးကနေ တောင်းပန်စကားဆိုထားပါတယ်။

play

 

"၂၃.၁၀.၂၀၁၆ ဗန်းမော်မြို့ တွင်ကျင်းပမည့် ဖျော်ဖြေပွဲသို့ မိသားစုပြဿနာ အကြောင်းအမျိုးမျိုးကြောင့် လာရောက် မဖျော်ဖြေနိုင်ဖြစ်ခဲ့ခြင်းအတွက် ဗန်းမော်မြို့မှ ရပ်မိရပ်ဖ အပေါင်းနှင့် ပရိသတ်များ ပွဲစီစဉ်သူနှင့်တကွ တာဝန်ရှိသူများအားလုံးကို ကျွန်တော်ရွှေထူးမှ လေးစားစွာဖြင့် တောင်းပန်အပ်ပါသည်ခင်ဗျာ။ ချစ်လှစွာသော ဗန်းမော်မြို့မှပရိသတ်များလည်း ကျွန်တော့်ကိုအချစ်မလျော့ကြပါနဲ့ခင်ဗျာ" ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

play

 

ရွှေထူးအနေနဲ့ နောက်နောင် ဒီလိုအမှားမျိုးထပ်မဖြစ်အောင် ဆင်ခြင်ပ့ါမယ်ဆိုပြီးလည်း ပြောပြထားပါတယ်။

Photo :  ရွှေထူးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ