Local Celebrity: ဆုကြေးတစ်ဝက်ကို လှူဒါန်းမယ့် ဇွန်သံစဉ်

ပရိသတ်တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားပါတယ်။

play

 

Miss Universe Myanmar 2017 အလှမယ် ဇွန်သံစဉ်ကတော့ ရရှိခဲ့တဲ့ ဆုကြေးတစ်ဝက်ကို လိုအပ်တဲ့နေရာ တွေမှာ သေချာစုံစမ်းပြီး လှူဒါန်းသွားမယ်လို့  သိရပါတယ်။

play

 

ပရိသတ်တွေရဲ့ အားပေးမှုနဲ့  Miss Famous ရရှိခဲ့တာကြောင့် ပရိသတ်တွေနဲ့လည်း တွေ့ဆုံဖို့ စီစဉ်ထားသလို ဆုကြေးငွေ တစ်ဝက်ကို သွားရောက်လှူဒါန်းရာမှာလည်း ပရိသတ်တွေကိုလည်း တစ်ပါတည်းခေါ်သွား ဖို့စဉ်းစား ထားကြောင်း သိရပါတယ်။

play

 

အလှမယ် ဇွန်သံစဉ်ရဲ့ ဂုဏ်ပြုညစာစားပွဲကိုလည်း အောက်တိုဘာ(၁၄)ရက်နေ့တွင် နိုဗိုတယ်ဟိုတယ်မှာ ကျင်းပပြုလုပ်မှာ ဖြစ်ပြီး သူငယ်ချင်းများ၊ မိတ်ဆွေများနဲ့ Fans အားလုံးကို ညစာစားပွဲ လာရောက်ဖို့အတွက် သူမရဲ့ ဖေ့စ်ဘွတ်ပေါ်ကနေ ဖိတ်ခေါ်ထားပါသေးတယ်။

Source : 8days Journal

Photo : ဇွန်သံစဉ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ