Local Celebrity: ပရိသတ်တွေပြောတာ မှန်တယ်လို့ ပြောလိုက်တဲ့ ကျော်ကျော်

"မြန်မာပေါကားတွေရပ်" ဆိုတဲ့ Event ပေါ်က ဝေဖန်သံတွေနဲ့ ပတ်သက်ပြီး ပြောပြထားတာ ဖြစ်ပါတယ်။

play

ဒီရက်ပိုင်းတွင် အွန်လိုင်းစာမျက်နှာပေါ်မှာ နာမည်ကြီးလာတဲ့ "မြန်မာပေါကားတွေရပ်" ဆိုတဲ့ Event ပေါ်တွင် မြန်မာရုပ်ရှင်လောကနဲ့ ပတ်သက်ပြီး ဝေဖန်သံများ ပြင်းထန်ခဲ့ပါတယ်။

play

 

သရုပ်ဆောင် ကျော်ကျော်ကတော့ "မြန်မာပေါကားတွေရပ်" ဆိုတဲ့ Event ပေါ်က ပရိသတ်တွေရဲ့ ဝေဖန်မှု တွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေပြောနေတာ အမှန်တွေချည်းပါပဲဆိုပြီး ပြောလိုက်ပါတယ်။ ဒါကြောင့်လည်း သူတို့အနေနဲ့ ယခုထက် ပိုပြီးတော့ သတိထားရမယ် ၊ အာရုံစိုက်ရမယ်၊ အလုပ်ကိုသေသေချာချာ လုပ်ဖို့ လိုတယ် လို့ သူ့အနေနဲ့ မြင်မိကြောင်း 7day TV ရဲ့ အင်တာဗျူးမှာ ဖြေထားပါတယ်။

play

အဲဒါတွေနဲ့ ပတ်သက်ပြီး ပရိသတ်တွေစိတ်ဝင်စားမှု များပြားလာခဲ့သလို အနုပညာရှင်များဘက်ကလည်း ပြန်လည်ဖြေရှင်းမှုတွေရှိသလို ထောက်ခံအားပေးမှုတွေလည်းရှိခဲ့ပါတယ်။

Source : 7day TV

Photo  : ကျော်ကျော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ