Local Celebrity: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်းအနုပညာသတင်းများ

play

 

သားဖြစ်သူ မိုးအောင်ရင်နဲ့ ပတ်သက်ပြီး ဖခင် အောင်ရင်ရဲ့ ရင်ဖွင့်စကားသံ

မိသားစုလေးယောက်ရှိပေမဲ့လည်း အခြေအနေ အကြောင်းကြောင်းကြောင့် မိသားစုလေးယောက်က နိုင်ငံ သုံးနိုင်ငံမှာ ခွဲနေနေရကာ ယခုလို သားဖြစ်သူ မိုးအောင်ရင်ရဲ့ ကိစ္စဖြစ်သွားတာနဲ့ ပတ်သက်ပြီး ဖခင် တစ်ယောက် အနေနဲ့ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်လို့ အောင်ရင်က ဆိုပါတယ်။

play

 

Single ဖြစ်သွားပြီဆိုတဲ့ သဉ္ဇာနွယ်ဝင်း

အချစ်ရေးနဲ့ ပတ်သက်ပြီး အင်တာဗျူးတွေမှာ မဖြေခဲ့တဲ့ သဉ္ဇာနွယ်ဝင်းက အခုတော့ သူမရဲ့  အချစ်ရေးကို ပြောပြ လိုက်ပြီ ဖြစ်ပါတယ်။ လက်ရှိအချိန်မှာ အချစ်ရေးနဲ့ပတ်သက်ပြီး  တစ်ယောက်တည်း ဖြစ်သွားပြီလို့ သူမက ဆိုပါတယ်။

play

 

ဆေးကုသမှု ခံယူနေရတဲ့ ဂျူးဂျူးကေ

သရုပ်ဆောင် ဂျူးဂျူးကေတစ်ယောက် အူရောင်ငန်းဖျား ရောဂါကြောင့် ဆေးရုံတင်ထားရတယ်လို့ သိရပါတယ်။ လက်ရှိ ကျန်းမာရေးအခြေအနေမှာ သက်သာလာပြီ ဖြစ်သော်လည်း ဗဟိုစည်ဆေးရုံပေါ်မှာပဲ ရှိသေး တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

play

 

Surprise တစ်ခုကြောင့် ပျော်ခဲ့ရတဲ့ ရဲလေး

သရုပ်ဆောင်အဆိုတော် ရဲလေးကတော့ သူ့ဆီရောက်လာတဲ့ Surprise တစ်ခုကြောင့် ပျော်ခဲ့ရတယ်လို့ ဆိုပါတယ်။ အောက်တိုဘာ(၉)ရက်နေ့က ရဲလေးရဲ့ ပရိသတ်တွေက အမှတ်မထင် Surprise လုပ်ပေးခဲ့တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ