Local Celebrity: ထိုင်းနိုင်ငံမှာ ကျင်းပမယ့် ဖျော်ဖြေပွဲအား ရက်ရွှေ့ဆိုင်း

မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ကျင်းပေးတဲ့ ဖျော်ဖြေပွဲ ဖြစ်ပါတယ်။

play

 

ထိုင်းနိုင်ငံ မဟာချိုင်မြို့ရှိ မြန်မာရွှေ့ပြောင်း အလုပ်သမားများအတွက် အောက်တိုဘာ(၃၀)ရက်နေ့မှာ ပြုလုပ်မယ့် ဖျော်ဖြေပွဲကို ရက်ရွှေ့ဆိုင်းလိုက်ပြီ ဖြစ်တယ်လို့ သိရပါတယ်။ Ve Ve ၊ Myanmar Media 7နဲ့ ရွှေစင် Entertainment တို့ ဦးစီးကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ကျင်းပရန် စီစဉ်ထား သော် လည်း  ထိုင်းဘုရင် မင်းမြတ် ကွယ်လွန်ခြင်းကြောင့် ဖျော်ဖြေပွဲ ကျင်းပဖို့ရက်ကို ရွှေ့လိုက်တယ်လို့ သိရပါတယ်။

ထိုင်းဘုရင်မင်းမြတ်အတွက် ထိုင်းနိုင်ငံသားများနဲ့ထပ်တူ ဝမ်းနည်းရသလို မြန်မာရွှေ့ ပြောင်းအလုပ်သမား တွေအတွက်လည်း ထပ်မံကြိုးစားပါမယ်လို့ စီစဉ်သူများထဲမှ Myanmar Media 7 ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးသားထားပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ