Local Celebrity: မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးစီးတဲ့ အနုပညာသင်တန်း အောက်တိုဘာ လကုန်မှာ ဖွင့်လှစ်မယ်

ပညာဒါနအဖြစ် သင်တန်းသားသုံးဦးကို အခမဲ့ သင်ကြားပေးမယ်လို့ သိရပါတယ်။

play

 

ဒါရိုက်တာ အကယ်ဒမီ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ဦးစီးတဲ့ ၅ ကြိမ်မြောက် အနုပညာသင်တန်းအား အောက်တိုဘာလကုန်မှာ စတင်ဖွင့်လှစ်မယ်လို့ သိရပါတယ်။ 3H Art Academy အနုပညာသင်တန်းတွင် သင်တန်းသား အယောက် ၂၀ လက်ခံမှာ ဖြစ်ပြီး ပညာဒါနအဖြစ် သင်တန်းသား ၃ ဦးကို အခမဲ့ သင်ကြားပေး သွားမှာ ဖြစ်တယ်လို့သိရပါတယ်။

play

 

သင်တန်းကျောင်းတွင် သင်တန်းသူ၊ သင်တန်းသားအယောက်(၂၀)ကိုသာ လက်ခံပေးသွားမှာ ဖြစ်ပြီး သင်တန်း ကြေးကတော့ (၈)သိန်းပေးသွင်းရမယ်လို့ သိရပါတယ်။ စိတ်ပါဝင်စားသူများအနေနဲ့ အမှတ် ၁၅၂၊ ပထမထပ်၊ အနော်ရထာလမ်း(၄၇)လမ်းထိပ် ဗိုလ်တစ်ထောင်မြို့နယ်သို့ လာရောက်လျှောက်ထားရမယ်လို့ သိရပါတယ်။

Photo : ဦးမျိုးမင်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ