Local Celebrity: မိုးရေထဲမှာ "သဝေထိုးခကွေးယပင့် " အားပေးနေကြတဲ့ ရဲရင့်အောင်ရဲ့ ပရိသတ်များ

ရဲရင့်အောင်ရဲ့ MTV အခွေ ပရိုမိုးရှင်း ဖြစ်ပါတယ်။

play

 

အဆိုတော် ရဲရင့်အောင်ရဲ့ "သဝေထိုးခကွေးယပင့် " MTV ကတော့ ဒီနေ့(အောက်တိုဘာ၁၅)ရက်နေ့မှာ ထွက်ရှိပြီ ဖြစ်ပါတယ်။ အခွေထွက်တဲ့နေ့မှာပဲ ပရိုမိုးရှင်းပွဲကိုလည်း ဒဂုံစင်တာ(၂)ပရိုမိုးရှင်းဧရိယာမှာ ညနေ(၃)နာရီက ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

ပရိုမိုးရှင်းပွဲလုပ်တဲ့အချိန်မှာ မိုးများရွာသွန်းခဲ့ပေမယ့်လည်း ရဲရင့်အောင်ရဲ့ ပရိသတ်တွေကတော့ ကြိတ်ကြိတ်တိုး အားပေးနေတာကိုလည်း တွေ့ရပါတယ်။

play

 

လာရောက်အားပေးတဲ့ ပရိသတ်များကို သီချင်းများနဲ့ ဖျော်ဖြေပေးခဲ့ပြီး "Yamily"စာတန်းပါ ဦးထုပ်လေးတွေ ကိုလည်း မဲဖောက်ပေးခဲ့တယ်လို့ သိရပါတယ်။

Photo : San Win Oo ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ