Local Celebrity: စတိုင်တစ်မျိုးနဲ့တွေ့ရမယ့် ဝိုင်းလေးရဲ့ ဒုတိယအခွေ

အောင်မြင်မှုတွေအများကြီး လိုချင်သေးတယ်လို့ ဆိုပါတယ်။

play

 

"Selfie" အခွေမှာလည်း အောင်မြင်မှု ရရှိခဲ့တဲ့ အဆိုတော် ဝိုင်းလေးက သူမရဲ့ ဒုတိယအခွေအတွက် ပြင်ဆင် နေပြီလို့ သိရပါတယ်။ ပထမအခွေအပေါ် ပရိသတ်တွေရဲ့ အားပေးမှုကို ကျေနပ်ပေမယ့်လည်း ဒီထက်ပိုပြီး အောင်မြင်အောင် ကြိုးစားချင်သေးတယ်လို့ သူမကဆိုပါတယ်။

play

 

လက်ရှိမှာ ဖျော်ဖြေပွဲတွေမှာ သီချင်းတွေ ဖျော်ဖြေနေသလို သူမရဲ့ ဒုတိယအခွေအတွက် သီချင်းတွေလည်း ကိုယ်တိုင်ရေးနေသလို တေးရေးဆရာတွေကလည်း အပ်ထားတယ်လို့ သိရပါတယ်။

play

 

ပရိသတ်တွေအနေနဲ့ သူမရဲ့ ဒုတိယစီးရီးခွေကို စတိုင်တစ်မျိုးနဲ့ တွေ့ရမှာ ဖြစ်တယ်လို့ 7day TV အင်တာဗျူးမှာ ဖြေဆိုပေးထားပါတယ်။

Source : 7day TV

Photo  : ဝိုင်းလေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ