Local Celebrity: လမ်းလျှောက်ပွဲမှာ ပျော်ပျော်ပါးပါးနဲ့ ပါဝင်ခဲ့တဲ့ ထွန်းကိုကို

play

 

မျက်မမြင်လမ်းလျှောက်တုတ်နေ့ အခမ်းအနားမှာ ပါဝင်လုပ်အားပေးခဲ့သူကတော့ ထွန်းကိုကို ဖြစ်ပါတယ်။ နှစ်တိုင်းလိုလို ပါဝင်ခဲ့တဲ့ သူက ဒီနှစ်အပါအဝင် လုပ်အားပေးခဲ့တာ သုံးနှစ်ရှိပြီလို့ သိရပါတယ်။ မျက်မမြင်လမ်း လျှောက်တုတ်နေ့မှာ ပါဝင်လမ်းလျှောက်ကြတဲ့ သူများကိုလည်း အားပေးစကားတွေ ပြောပေးသလို သူတို့နဲ့ အတူတူ ပျော်ပျော်ပါးပါး လမ်းလျှောက်ပွဲတော်မှာ ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

play

 

ပရဟိတလုပ်ငန်းများတွင် ပါဝင်လုပ်ကိုင်လျက်ရှိတဲ့ ထွန်းကိုကိုက ကျော်သူကွန်ရက်ရဲ့ KAmubulance တွင်လည်း အသင်းသားအဖြစ် ပါဝင်ထားသူ တစ်ယောက် ဖြစ်ပါတယ်။ ယခုလက်ရှိမှာလည်း "ကြေးကြီးတယ်" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးဖို့ ရှိတယ်လို့ သိရပါတယ်။

Source :7day Daily

Photo  : ထွန်းကိုကို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ