Local Celebrity: ဟာဝိုင်အီကို သွားရမယ့် မြန်မာ့ရုပ်သေးအဖွဲ့

ယဉ်ကျေးမှုဖလှယ်တဲ့ အနေနဲ့ သွားရောက်မှာ ဖြစ်ပါတယ်။

play

 

ယဉ်ကျေးမှုဖလှယ်တဲ့  ပြပွဲကို တက်ရောက်ဖို့ East- West Center မှ ဖိတ်ကြားတဲ့အတွက် မြန်မာနိုင်ငံမှ မန္တလေးမြို့ရှိ မြန်မာ့ရုပ်သေးအဖွဲ့က ၂၀၁၇ ခုနှစ် ဧပြီလတွင် ဟာဝါအီရဲ့ မြို့တော် ဟိုနိုလူလူသို့ သွားရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

" အန်တီတို့ကို East- West Center ကဖိတ်ကြားတာပါ၊ ယဉ်ကျေးမှု ဖလှယ် တဲ့အနေနဲ့ သီးသန့်ဖိတ်ကြားတာပါ၊ အန်တီတို့ မြန်မာ့ရုပ်သေးအဖွဲ့ကို ဖိတ်ကြားတာပါ၊ အဲ့ဒီမှာ မြန်မာယဉ်ကျေးမှု ဖြစ်တဲ့ ရုပ်သေးအကတွေကို ကမ္ဘာကသိအောင် ထည်ထည်ဝါဝါ ကပြသွားမှာပါ" ဟု မြန်မာ့ရုပ်သေးအဖွဲ့တည်ထောင်သူ ရုပ်သေးပညာရှင် ဒေါ်မမနိုင်ကပြောသည်။

play

 

မြန်မာ့ရုပ်သေးအဖွဲ့အနေနဲ့ ဒုတိယအကြိမ်မြောက် ဖိတ်ကြားခံရခြင်းဖြစ်ပြီး ဒေါ်မမနိုင်နှင့် မြန်မာ့ရုပ်သေးအဖွဲ့ မှ ဆိုင်းဝိုင်းဆရာများ အပါအဝင် စုစုပေါင်း ၁၂ ဦးသွားရောက်မှာ ဖြစ်တယ်လို့  သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ