Local Celebrity: အလှကုန်ပစ္စည်းလေးတွေ ထုတ်မယ့် မေခလာ

, updated

Skin Care သုံးမျိုးထုတ်မယ်လို့သိရပါတယ်။

play

 

အဆိုတော် မေခလာရဲ့ အလှကုန်ပစ္စည်းများကိုတော့ မကြာခင် ပရိသတ်တွေ လက်ထဲ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။ Skin Care သုံးမျိုးကို ဦးစားပေးထုတ်သွားမှာ ဖြစ်ပြီး အဲ့ဒီအလှကုန်ပစ္စည်းတွေကို သူမကိုယ်တိုင် (၉)လကြာ စမ်းသပ်ပြီးတော့မှ ပရိသတ်တွေလက်ထဲကို ပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

play

 

အဲဒီအလှကုန်ပစ္စည်းတွေကတော့ မျက်နှာသစ်ဆေး၊ UV Cream၊ တိုနာရယ်စတဲ့ သုံးမျိုးကို အရင်ထုတ်သွားမှာ ဖြစ်ကာ made in Japan ဖြစ်ပြီး မြန်မာနိုင်ငံမှ FDA လက်မှတ်နဲ့ ဂျပန်နိုင်ငံမှ အသိအမှတ်ခွင့်ပြုချက်တွေကို ရယူနေတယ်လို့ မေခလာက ဆိုပါတယ်။

play

 

မေခလာနာမည်နဲ့ ထွက်မယ့် အလှကုန်ပစ္စည်းတွေကို နိုဝင်ဘာလကုန်(သို့)ဒီဇင်ဘာလဆန်းလောက် ဖြန့်ချိမှာ ဖြစ်ပြီး Skin Care သုံးမျိုးစလုံးကို မြန်မာငွေ ရှစ်သောင်းနဲ့ ရောင်းချသွားမှာ ဖြစ်ပါတယ်။

Photo : မေခလာဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ