AD
AD
AD
play

play

 

MMM Tour နဲ့ ဖျော်ဖြေပွဲတွေ သွားနေရတဲ့ ဖြူဖြူကျော်သိန်းက ယခုလက်ရှိ မကွေးကနေအပြန် လမ်းတစ် လျှောက် လှပတဲ့ ရှုခင်းတွေကြောင့် ပင်ပန်းတာတွေတောင် ပျောက်သွားပြီလို့ ဆိုပါတယ်။ အညာ ဒေသရဲ့ အလှအပတွေက သူမကို စိတ်သစ်အားသစ်တွေ ပေးစွမ်းနိုင်တယ်လို့ သူမရဲ့ ဖေ့စ်ဘွတ်မှာ ရေးသားထားပါတယ်။

play

play

 

"ဒီနေ့မနက်မကွေး MMMပွဲက အပြန်လမ်းမှာ ရင်သပ်ရှုမောရတဲ့ အညာဒေသရှုခင်းအလှအပတွေနဲ့ အမှတ်တရ ဓာတ်ပုံလေးတွေ ရိုက်ဖြစ်ပါတယ်။ အလုပ်များပြီး ခရီးပန်းနေတဲ့ ဖြူဖြူ့ကိုတောင် စိတ်သစ်အားသစ် တွေဖြည့်ပေးနိုင် တဲ့ ရှုခင်းလေးတွေမို့ ချစ်ပရိသတ်အတွက် ဝေမျှပေးလိုက်ပါတယ်"လို့ သူမက ဆိုပါတယ်။

play

 

အညာဒေသရဲ့ အလှအပတွေနဲ့အတူ ရိုက်ကူးထားတဲ့ သူမရဲ့ ဓာတ်ပုံလေးတွေကလည်း ချစ်စရာကောင်း လှပါတယ်။

Photo : ဖြူဖြူကျော်သိန်း ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
AD
AD