Local Celebrity: အခမဲ့ ဖျော်ဖြေပွဲ လုပ်မယ့် ပိုပို

"အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို " MTV ထွက်တဲ့နေ့တွင် ပြုလုပ်မှာ ဖြစ်ပါတယ်။

play

 

ပိုပိုရဲ့ "အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို " MTV အခွေကို နိုဝင်ဘာ(၅)ရက်နေ့မှာ စတင်ဖြန့်ချိမှာ ဖြစ်ပါတယ်။ အခွေစတင်ဖြန့်ချိတဲ့နေ့မှာ ညနေ(၅)နာရီကနေ (၇)နာရီအထိ  မျှော်စင်ကျွန်းတွင် ပရိသတ်များအား အမှတ်တရ လက်မှတ်များရေးထိုးပေးမှာ ဖြစ်ပြီး ည(၇)နာရီကနေ (၉)နာရီအထိ Free Show ပြုလုပ်သွားမယ်လို့ သိရပါတယ်။

play

 

ပိုပိုရဲ့ "အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို " MTV ထဲမှာ နာမည်ကြီး အမျိုးသားသရုပ်ဆောင်များဖြစ်တဲ့ နေတိုး၊ ပြေတီဦး၊ မြင့်မြတ်၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ လွှမ်းပိုင်၊ ထွန်းကိုကို စတဲ့ အနုပညာရှင်များ ပါဝင်သရုပ်ဆောင် ထားသလို သူမကိုယ်တိုင်လည်း သီချင်းအားလုံးမှာ ပါဝင်သရုပ်ဆောင်ထားကာ ခင်ဝင့်ဝါနဲ့ ယွန်းယွန်းတို့ ကလည်း ပါဝင်ထားပေးတယ်လို့ သိရပါတယ်။

play

 

သူမရဲ့ ပရိသတ်များကိုလည်း နိုဝင်ဘာ(၅)ရက်နေ့ မျှော်စင်ကျွန်းမှာ ပြုလုပ်မယ့် အခမဲ့ ဖျော်ဖြေပွဲကိုလည်း လာရောက်ပေးဖို့ 7day သတင်းစာရဲ့ အင်တာဗျူးမှာ ပြောထားပါသေးတယ်။

Source : 7day Daily

Photo   : ပိုပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ