Local Celebrity: အနုပညာအလုပ်တွေ စလုပ်နေတဲ့ ထူးအိမ်သင်ရဲ့သမီး

ဖေဖေ့သမီးအနေနဲ့ အားပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်လို့ ဆိုပါတယ်။

play

 

နိုင်ငံကျော် တေးသံရှင် ထူးအိမ်သင်ရဲ့ သမီးဖြစ်သူ မိကွန်ထောက အနုပညာအလုပ်တွေ စတင်လုပ်ကိုင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။ မကြာသေးခင် ရက်ပိုင်းက ဖွေးဖွေး၊ စံထိပ်ထးတို့နဲ့အတူ ကြော်ငြာတစ်ခု ရိုက်ကူးခဲ့ တယ်လို့ သိရပါတယ်။

play

 

ဖခင်ရဲ့ ရှိုးပွဲတွေမှာ သီချင်းဆိုခဲ့ဖူးတဲ့ သူမက ကလေးအသံမပျောက်သေးတဲ့အတွက် စီးရီးထုတ်ဖို့တော့ အခုထက်ထိ အစီအစဉ်မရှိသေးဘူးလို့ သိရပါတယ်။ အနုပညာလောကထဲကို ခြေလှမ်းစဝင်နေပြီ ဖြစ်တဲ့ သူမက ရုပ်ရှင်နဲ့ဂီတပိုင်း ဘယ်ဟာကို ပိုပြီး အားသန်တယ်ဆိုတာတော့ မသိသေးဘူးလို့ ပြောပါတယ်။

play

 

အဖေ့ရဲ့ သမီးအနေနဲ့ အားပေးကြတဲ့ ပရိသတ်အားလုံးကို ကျေးဇူးတင်ပါတယ်လို့ Democracy Today အင်တာဗျူးမှာ ဖြေဆိုပေးထားပါတယ်။

Source : Democracy Today

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ