Local Celebrity: ဖျော်ဖြေပွဲမှာ သီဆိုမယ့် ဟာမိုနီအဖွဲ့နဲ့မိတ်ဆက်လိုက်တဲ့ အေးချမ်းမေ

Crystal Harmony Group ဖြစ်ပါတယ်။

play

နိုဝင်ဘာ(၁၉)ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် အေးချမ်းမေရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကတော့ နီးကပ်လို့ လာပြီ ဖြစ်ပါတယ်။ သူမကိုယ်တိုင်လည်း ရင်ခုန်နေသလို ပရိသတ်များလည်း စောင့်မျှော်နေကြပါပြီ။ ဒီနေ့ (အောက်တိုဘာ၁၉)ရက်နေ့မှာ သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ဖျော်ဖြေပွဲမှာ ပါဝင်မယ့် ဟာမိုနီအဖွဲ့နဲ့ ပရိသတ်များကို မိတ်ဆက်ပေးခဲ့ပါတယ်။

play

 

အဲဒီအဖွဲ့ကတော့ Crystal Harmony Group ဖြစ်ပါတယ်။သူမကိုယ်တိုင်လည်း အဲဒီအဖွဲ့ကို ဖျော်ဖြေပွဲမှာ ပါဝင်ဖို့ ရွေးချယ်လိုက်ရခြင်းကို သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောပြခဲ့ပါတယ်။

play

 

"အခုလာမဲ့အေးချမ်းမေတစ်ကိုယ်တော်ပွဲမှာ မရှိမဖြစ် အားဖြည့်ကူညီမဲ့ ဟာမိုနီအဖွဲ့လေးကို ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပေးချင်လို့ပါရှင်။ သူတို့အဖွဲ့လေး နာမည်က Crystal Harmony group ပါ။ ဒီအဖွဲ့လေးကိုဦးဆောင်သူ မန်းမန်း က chat box ကနေတစ်ဆင့် ဆက်သွယ်လာလို့ သူတို့လေးတွေက ဂီတမိတ်ကအဆိုရှင် တယောတီးသူနဲ့ စန္ဒယားတီးသင်ပေးသောဆရာဆရာမများ လည်း ဖြစ်တယ်ဆိုတာသိလိုက်ရပါတယ်။ သူတို့စိတ်ရင်းလေးကို သတိထားမိတာက အနုပညာကြေးထက် အနုပညာအရည်အသွေးကို ပုံဖော်ချင်တဲ့ ခံစားမှုမျိုး တူညီသွားတာမို့ ဒီပွဲလေးမှာ ပါဝင်ပေးဖို့ ရွေးချယ်လိုက်ပါတယ် ကျွန်မသူတို့ရဲ့ အရည်ချင်းကို ယုံလို့သူတို့လေးတွေရဲ့ အနုပညာအားထုတ်မှုကို လွတ်လပ်စွာ ပုံဖော်ခွင့်ပေးလိုက်ပြီမို့ သူတို့လေးတွေရဲ့ ဆန်းသစ်မှုကို စင်ပေါ်မှာ ကျွန်မနဲ့အတူ တွေ့မြင်ခံစားရမှာပါ။ သူတို့အဖွဲ့လေးနဲ့အတူ ထပ်ပြီး အားဖြည့်ထားတဲ့ ညီမငယ် စူဆီနဲ့beat box ဖန်တီးမယ့် မောင်လေးတို့ နှစ်ယောက်လည်း တစ်မူထူးတင်ဆက်ပေးမဲ့ ဟာမိုနီအဖွဲ့လေးတစ်စုကို ပရိတ်သတ်ကြီးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်" လို့ ရေးသားထားပါတယ်။

Photo : အေးချမ်းမေ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ