Local Celebrity: ဖွံ့ဖွံ့ ထွားထွား ဖြစ်ချင်တဲ့ ဖွေးဖွေး

play

 

လက်ရှိမှာ ဖွေးဖွေးက ဒါရိုက်တာ ဝိုင်း ရိုက်ကူးနေတဲ့ "လိပ်ပြာထောင်ချောက်" ရုပ်ရှင်ဇာတ်ကားကို ပြေတီဦးနဲ့ အတူ ရိုက်ကူးနေတယ်လို့သိရပါတယ်။

play

 

အခုနောက်ပိုင်းမှာ ခန္ဓာကိုယ်ပိန်အောင် မိန်းကလေးအများစုဟာ Gym ဆော့နေကြပေမဲ့ သရုပ်ဆောင် ဖွေးဖွေးကတော့ မြန်မာမင်းသမီးပီပီ ဖွံ့ဖွံ့ထွားထွား ကိုယ်လုံးမျိုးကို ကြိုက်တယ်လို့ Myanmar Celebrity အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။ ဒါကြောင့်လည်း အားကစားလုပ်ရင်လည်း ထွားအောင်ပဲ ကစားတယ်လို့ သူမက ဆိုပါတယ်။

play

 

ခန္ဓာကိုယ် သေးသေးသွယ်သွယ်လေးတွေကလည်း ကြည့်လို့ကောင်းပါတယ်လို့ သူမက ပြောပြထားပါတယ်။ သရုပ်ဆောင်ပိုင်းတွေနဲ့ ပတ်သက်ပြီးတော့ ဒီနှစ်ထဲမှာ မင်းသားဇာတ်တွေကို ဦးစားပေးပြီး ရိုက်ကူးဖို့ ရှိတယ်လို့သိရပါတယ်။

Source : Myanmar Celebrity

Photo   : ဖွေးဖွေး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ