Local Celebrity: ဒါရိုက်တာ အဖြစ် ရပ်တည်တော့မယ့် ဦးအောင်ခိုင်

ယခင်ကလည်း ဒါရိုက်တာ အဖြစ် ဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးတယ်လို့သိရပါတယ်။

play

 

သရုပ်ဆောင်အနေနဲ့ လူသိများတဲ့ ဦးအောင်ခိုင်ကတော့ ယခုအခါ ဒါရိုက်တာ အဖြစ် ရပ်တည်တော့မယ်လို့ သိရပါတယ်။ ကားအက်ဆီးဒန့် ဖြစ်ပြီး နောက်ပိုင်းမှာ ကြမ်းကြမ်းတမ်းတမ်း ဇာတ်ရုပ်တွေ ရိုက်ကူးလို့မရတော့တဲ့ ဦးအောင်ခိုင်က ယခင်က လုပ်ခဲ့ဖူးတဲ့ ဒါရိုက်တာ အလုပ်ကိုပဲ ပြန်လုပ်တော့မယ်လို့ သိရပါတယ်။

play

 

ယခုလက်ရှိမှာ "နှောင်ကြိုးဖွဲ့မေတ္တာ"လို့ နာမည်ပေးထားတဲ့ ဗီဒီယိုတစ်ကားကို ဒါရိုက်တာ အဖြစ် ရိုက်ကူး နေတယ် လို့လည်း သိရပါတယ်။

အဲဒီဇာတ်ကားထဲမှာတော့ မင်းသားသစ် ခန့်လင်းထွန်း၊ မိုးပြည့်ပြည့်မောင်၊ ဝါဝါအောင်နဲ့ ၂၀၁၅ခုနှစ်က သရုပ်ဆောင်သင်တန်းဆင်းတွေပါတယ်လို့ သိရပါတယ်။

Source : Morning Post Journal

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ