Local Celebrity: လူကုန်ကူးမှု တားဆီကာကွယ်ရေး ရန်ပုံငွေဖျော်ဖြေပွဲ

အောက်တိုဘာ(၂၉)ရက်နေ့တွင် ပြုလုပ်မယ်လို့ သိရပါတယ်။

play

 

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ပညာပေးလုပ်ငန်းများအတွက် ရန်ပုံငွေဂီတဖျော်ဖြေပွဲကို အောက်တိုဘာ(၂၉)ရက်နေ့တွင် ပြုလုပ်မယ်လို့ သိရပါတယ်။ အဲ့ဒီဖျော်ဖြေပွဲကို ပြည်သူ့ရင်ပြင်တွင် ပြုလုပ်မှာ ဖြစ်ပြီး ဂျေမီ၊ ဂျီတုန်း၊ ဂျောက်ဂျက်၊ ကျော်ထွဋ် ဆွေ၊ Lil'Z ၊ စန္ဒီမြင့်လွင်၊ မိစန္ဒီ၊ အမွန်းနဲ့ ကေကေမိုးတို့ ပါဝင် သီဆိုကြမည်ဖြစ်ကာ လူကုန်ကူးမှု နဲ့ပတ်သက်သည့် သတင်းစကားများ ပြောကြားမယ့် အစီအစဉ် လည်း ပါဝင်တယ်လို့ သိရပါတယ်။

လူကုန်ကူးမှု တားဆီးကာကွယ်ရေး ရန်ပုံငွေ ဖျော်ဖြေပွဲအတွက် လက်မှတ်များကို ရှစ်ထောင်ကျပ်ဖြင့် စီးတီးမတ်များတွင် ရောင်းချပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ