Local Celebrity: ကိုယ်တိုင်ရေးတဲ့ သီချင်းပဲ ဆိုရတာ ကြိုက်တဲ့ ပိုပို

သူများရေးတဲ့ သီချင်းကို ပြန်ပြီး ဆိုရတာ သိပ်မကြိုက်ဘူးလို့ ဆိုပါတယ်။

play

 

ကိုယ်ပိုင်သံစဉ်သီချင်းတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ပိုပိုက ကိုယ်တိုင်ရေးတဲ့ သီချင်းတွေကိုပဲ ဆိုရတာ ပိုကြိုက်တယ်လို့ ပိုပိုက ပြောပါတယ်။ ကော်ပီသီချင်းတွေကို စိတ်မဝင်စားသလို သူများရေးတဲ့ သီချင်းတွေကို ပြန်ဆိုရတာတောင် သိပ်မကြိုက်ဘူးလို့ ဆိုပါတယ်။

play

 

ကိုယ်ပိုင်သံစဉ် သီချင်းများပါဝင်ထားတဲ့ သူမရဲ့ "အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို" MTV ကိုလည်း နိုဝင်ဘာ(၅)ရက်နေ့မှာ ပရိသတ်တွေလက်ထဲ ရောက်ရှိတော့မှာ ဖြစ်ပါတယ်။ အဲ့ဒီအခွေထဲမှာ သူမကိုယ်တိုင် ပါဝင် သရုပ်ဆောင် ထားသလို ဒါရိုက်တာလည်း လုပ်ထားတယ်လို့ သိရပါတယ်။

play

 

အခွေထွက်တဲ့နေ့မှာလည်း မျှော်စင်ကျွန်းမှာ ပရိသတ်တွေနဲ့အတူ တွေ့ဆုံသွားမှာ ဖြစ်ပြီး ကံစမ်းမဲ အစီအစဉ် တွေလည်း ရှိကြောင့် ပရိသတ်တွေ လာရောက်ဖို့ကိုလည်း သူမက ဖိတ်ခေါ်ထားပါသေးတယ်။

Source : Democracy Today

Photo  : ပိုပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ