Local Celebrity: စိန်နားကပ်ရလို့ ပျော်နေတဲ့ ဆုပန်ထွာ

မွေးနေ့လက်ဆောင်အဖြစ် ခင်ပွန်းဖြစ်သူက ဝယ်ပေးတာလို့ သိရပါတယ်။

play


ဆုပန်ထွာတစ်ယောက် ခင်ပွန်းဖြစ်သူ ဥက္ကာကျော်ဆီက မွေးနေ့လက်ဆောင်အနေနဲ့ စိန်နားကပ်တစ်ရံ လက်ဆောင်ရခဲ့တယ်လို့ သိရပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ မွေးနေ့လက်ဆောင်ကြောင့် ဆုပန်ထွာ တစ်ယောက် ပျော်နေပါတယ်။

play


သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာလည်း ခင်ပွန်းဖြစ်သူကို ကျေးဇူးတင်တဲ့ အကြောင်းကိုလည်း အမှတ်တရ ရေးထားပါတယ်။

"ဒီနှစ်ယောက်ျားဝယ်ပေးတဲ့ မွေးနေ့လက်ဆောင်၊ ကျေးဇူးတင်ပါတယ် ယောက်ျားရေ။ မိန်းမအပေါ် တာဝန်ကျေလွန်းတဲ့ ယောက်ျားမို့ ပိုလေးစားပြီး အချစ်တွေ တိုးရပါတယ်ရှင်။ ဒါလေးဖတ်ြပီး ယောက်ျားပီတိလေးဖြစ်ပြီး ပြုံးပျော်ပါစေ" လို့ ရေးထားပါတယ်။

play


ခင်ပွန်းဝယ်ပေးတဲ့ နားကပ်လေးနဲ့လည်း ဓာတ်ပုံရိုက်ပြီး သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ တင်ထားပါတယ်။
Photo : ဆုပန်ထွာဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ