Local Celebrity: မအေးပွင့် ပိုစတာက ကော်ပီကူးထားတာမဟုတ်ဘူးဆိုတဲ့ အေးမြတ်သူ

ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ကျေနပ်တယ်လို့ ဆိုပါတယ်။

play

 

"မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်" ပိုစတာမှာ နိုင်ငံခြား ရုပ်ရှင်ဇာတ်ကားတစ်ကားရဲ့ ပိုစတာကို ကော်ပီ ကူးပြီး ရိုက်ကူးထားတယ်ဆိုပြီး မကြာသေးခင် ရက်ပိုင်းက အွန်လိုင်းပေါ်မှာ ပျံ့ခဲ့သေးပါတယ်။ ဒါပေမဲ့လည်း အဲဒီဇာတ်ကားထဲမှာ အဓိက ဇာတ်ကောင်အဖြစ် ပါဝင်ထားတဲ့ သရုပ်ဆောင်အေးမြတ်သူကတော့ ပိုစတာက ကော်ပီကူးထားတာ မဟုတ်ဘူးလို့ 8days Journal ရဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

play

 

"အမှန်အတိုင်းပြောရရင် အေးမြတ်သူကို ဒါရိုက်တာက အဲဒီ ပိုစတာကိုပြခဲ့တာမရှိပါဘူး။ အဲဒီ ပိုစတာကြီးကို ကော်ပီကူးခဲ့တာ လည်းမဟုတ်ပါဘူး။ ဒီပိုစတာကလည်း တော်တော်ကြာခဲ့ပြီလို့ထင်ပါ တယ်။ မရှိဘူးဆို လွန်ခဲ့တဲ့ နှစ်နှစ် ဆယ်၊ သုံးဆယ်လောက်က ပိုစတာ ဖြစ်မယ်လို့ထင်ပါတယ်။ ပြောချင် တာက တူသွားတာဖြစ်မယ် လို့ထင်ပါတယ်။ သက္ကလတ်စောင်ခြုံချင် တာကတော့ ဒါရိုက်တာရဲ့ အိုင်ဒီ ယာပါ။ အဲဒီအိုင်ဒီယာမှာပဲ အောက်က သေနတ်ပတ်တာ၊ သေနတ်ပေါ်အောင်လို့ ပေါင်သား နဲ့ မအေးပွင့်ရဲ့ရင်သားဖော်ရတာ တို့၊ ခန္ဓာကိုယ်ကောက် ကြောင်းပေါ် အောင်လို့ ကိုယ့်ရဲ့အိုင်ဒီယာနဲ့ ကိုယ့် ပို့စ်နဲ့ ကိုယ့်ဘာသာကိုယ် ရိုက်ထား တာပါ။ ပို့စ်သွားတူတာက ဒီပုံကြီး ကိုကြည့်ပြီး အေးမြတ်သူ လုပ်ထား တာ မဟုတ်ပါဘူး။ အဲဒါ အေးမြတ် သူ အရိုးသားဆုံးဝန်ခံတာပါ။" လို့ သူမက 8days Journal မှာဖြေဆိုထားပါတယ်။

play

 

ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ "မအေးပွင့် မြင့်မြင့်စန်း လမ်းသုံးဆယ်"ရုပ်ရှင်ဇာတ်ကားနဲ့ ပတ်သက်ပြီး သူမအနေနဲ့ ကျေနပ်အားရတဲ့ အခြေနေအထိ ရောက်ခဲ့ပါတယ်လို့ သိရပါတယ်။

Source : 8days Journal

Photo  : အေးမြတ်သူ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ