Local Celebrity: ချစ်သူနဲ့ ပြတ်သွားပြီဆိုတဲ့ အိမ့်ချစ်

တတိယအခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

အဆိုတော် အိမ့်ချစ်ရဲ့ အချစ်ရေးကတော့ ဖွလိုက်တဲ့ သူတွေကြောင့် ချစ်သူနဲ့ ပြတ်သွားပြီလို့ သိရပါတယ်။ အသက် (၂၀)လောက်ကတည်းက အသည်းကွဲဖူးတဲ့ အိမ့်ချစ်က လက်ရှိမှာ သူမရဲ့ တတိယ တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်နေတယ်လို့ သိရပါတယ်။

play

 

အခွေနာမည်ကိုလည်း "အိမ့်ချစ်ဟုခေါ်သည်"လို့ ပေးထားကြောင်းသိရပါတယ်။ တတိယ တစ်ကိုယ်တော် အခွေအတွက် ပြင်ဆင်နေသလို သူမရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကိုလည်း ကျင်းပဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။

play

 

မကြာသေးခင်က အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ "528" ဖျော်ဖြေပွဲကိုလည်း အခွေအနေနဲ့ ပြန်ထုတ်ဖို့ ရှိတယ်လို့ သိရပါတယ်။

Source :8days Journal

Photo  : အိမ့်ချစ် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ