Local Celebrity: ထောက်ပံ့ငွေ သိန်း(၃၀)လှူဒါန်းခဲ့တဲ့ လင်းလင်းနဲ့ ချစ်သုဝေ

play

 

တေးသံရှင်လင်းလင်းနဲ့ ချစ်သုဝေတို့ ဇနီးမောင်နှံက စက်လှေနစ်မြုပ်မှုမှာ ဆုံးပါးသွားသူများရဲ့ ကျန်ရစ်သူ မိသားစု များအတွက် ထောက်ပံ့ငွေ သိန်း(၃၀)လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

အောက်တိုဘာ(၁၅)ရက်နေ့ မနက်တွင်ဖြစ်ပွားခဲ့တဲ့  စက်လှေနစ်မြုပ်မှုအတွက် အောက်တိုဘာ(၂၂)ရက်နေ့ နံနက်က မုံရွာသို့ ရောက်ရောက်ချင်း တေးသံရှင်လင်းလင်းက သွားရောက်လှူဒါန်းခဲ့တာ ဖြစ်တယ်လို့ သူ့ရဲ့ ဖေ့စ်ဘွတ်မှာ ရေးထားပါတယ်။

play

 

အောက်တိုဘာ(၂၃)ရက် ဒီနေ့မှာလည်း လင်းလင်းရဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို မုံရွာမြို့မှ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

Photo : လင်းလင်းဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ