Local Celebrity: ရုပ်ရှင်တစ်ကားလောက် ရိုက်ကြည့်ချင်တဲ့ ပိုးအိစံ

ဟာသကားပဲ ရိုက်ချင်တယ်လို့သိရပါတယ်။

play

 

မကြာသေးခင်ရက်ပိုင်းကမှ တစ်ကိုယ်တော်ဖျော်ဖြေပွဲကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့တဲ့ အဆိုတော် ပိုးအိစံက တော့ ရုပ်ရှင်တစ်ကားလောက် ရိုက်ကြည့်ချင်တယ်လို့ ဆိုပါတယ်။ ပိုးအိစံက ကိုယ်ပိုင် ပရိုဂျူဆာလုပ်ကာ ဇာတ်ကားရိုက်ကူးမှာ ဖြစ်ပြီး ကိုယ်တိုင် မင်းသမီးလုပ်မယ်လို့ အလင်းတန်းဂျာနယ်မှာ ဖြေဆိုထားပါတယ်။

play

 

သူမရိုက်ကူးချင်တဲ့ ရုပ်ရှင်ဇာတ်ကားကတော့ ဟာသကားပဲ ရိုက်ချင်တာ လို့ သိရပါတယ်။ အောက်တိုဘာ(၁၅)ရက်နေ့က တစ်ကိုယ်တော် ပွဲကိုအောင်မြင်စွာ ကျင်းပနိုင်ခဲ့သလို သူမရဲ့ ပရိသတ်တွေအတွက် တစ်ကိုယ်တော် ပွဲတွေ ထပ်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Source : အလင်းတန်းဂျာနယ်

Photo  : ပိုးအိစံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ