Local Celebrity: ရုပ်ရှင်ဇာတ်ကားရိုက်တော့မယ့် အောင်မင်းခန့်

ခေါင်းဆောင်မင်းသားနေရာကနေ ရိုက်ကူးမယ်လို့ သိရပါတယ်။

play

 

ဇာတ်လမ်းတွဲများနဲ့ ပရိသတ်အားပေးမှု ရရှိထားသူ အောင်မင်းခန့်ကတော့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးတော့ မယ်လို့ သိရပါတယ်။ ရုပ်ရှင်ဇာတ်ကားကို ဒီဇင်ဘာလထဲမှာ ရိုက်ကူးမှာ ဖြစ်ပြီး အဲ့ဒီဇာတ်ကားထဲမှာ ခေါင်းဆောင်မင်းသားနေရာက ပါဝင်ရမယ်လို့ သိရပါတယ်။

play

 

ယခုလက်ရှိမှာတော့ "မဏိရတနာ"ဇာတ်လမ်းတွဲကို ရိုက်ကူးလျက်ရှိရာ ဒီနေ့မှာပဲ အဲဒီဇာတ်လမ်းတွဲကို အောင်မြင်စွာ ရိုက်ကူးပြီးစီးသွားပြီလို့ သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ရေးထားပါတယ်။ အဲဒီဇာတ်လမ်းတွဲကို ၂၀၁၇ခုနှစ် ပြသသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

အောင်မင်းခန့်ဟာ ဇာတ်လမ်းတွဲတွေနဲ့ ပရိသတ်အားပေးမှု ရရှိခဲ့သလိုပဲ ဗီဒီယိုဇာတ်ကားပေါင်း (၁၀)ကားကျော်လောက်ကိုလည်း ရိုက်ကူးပြီးထားသူ ဖြစ်ပါတယ်။ သင်္ကေတထုတ်လုပ်ရေးက စင်တင်ပေးထားတဲ့ မင်းသားတစ်ယောက်အနေနဲ့ စာချုပ်ပြည့်သွားရင်တောင် အဲဒီထုတ်လုပ်ရေးနဲ့ လက်တွဲသွားဦးမှာ ပါလို့ ဆိုပါတယ်။

Source : 8days Journal

Photo  : အောင်မင်းခန့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ