Local Celebrity: မုံရွာမှာ "ဂါ" နေတဲ့ ဝိုင်းစုခိုင်သိန်း

သူမကို ပရိသတ်တွေ ပြန်ပိုင်သွားပြီလို့ပြောပါတယ်။

play

 

play

ဝိုင်းစုခိုင်းသိန်းရဲ့ "ဂါ" စီးရီးကတော့ ပရိသတ်တွေကြားထဲ အောင်မြင်မှုရရှိနေပြီ ဖြစ်ပါတယ်။ အောက်တိုဘာ(၂၂)ရက်နေ့မှ ထွက်ရှိထားတဲ့ "ဂါ" စီးရီးခွေထဲက သီချင်းတွေကတော့ ပရိသတ်တွေရဲ့ အကြိုက်နဲ့ ထပ်တူကျ ခဲ့ပါ တယ်။

play

play

 

ဒီနေ့ (အောက်တိုဘာ၂၃)ရက်နေ့မှာလည်း ဝိုင်းစုခိုင်သိန်းက မုံရွာမြို့မှာရှိတဲ့  သူမရဲ့ ပရိသတ်တွေနဲ့ တွေ့ဆုံခဲ့ သလို အခွေပရိုမိုးရှင်း ပြုလုပ်ပြီး သီချင်းများနဲ့ ဖျော်ဖြေခဲ့ပါသေးတယ်။ ရန်ကုန်မှာ ပြုလုပ်တဲ့ ပရိုမိုးရှင်းပွဲကော မုံရွာမှာ ပြုလုပ်တဲ့ ပရိုမိုးရှင်းပွဲမှာကော သူမရဲ့ ပရိသတ်များ တစ်ခဲနက် လာရောက်အားပေးခဲ့ကြပါတယ်။

play

အဆိုတော် ဝိုင်းစုခိုင်သိန်းကတော့ အောက်တိုဘာ(၂၂)ရက်နေ့ ရန်ကုန်မှာ ပြုလုပ်တဲ့ ပရိုမိုးရှင်းပွဲမှာ သူမကို ပရိသတ်များ ပြန်ပိုင်သွားပြီလို့လည်း ပြောခဲ့ပါတယ်။

Photo : အလင်းရောင် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ