Local Celebrity: မော်လမြိုင်ပရိသတ်တွေနဲ့ ပျော်ခဲ့တဲ့ နီနီခင်ဇော်

ပရိသတ်အားပေးမှုကတော့ တစ်ခဲနက်ပါပဲ။

play

 

အဆိုတော် နီနီခင်ဇော်ရဲ့ အောက်တိုဘာ(၈)ရက်နေ့က ထွက်ရှိခဲ့တဲ့ "အနီရောင်" MTV အခွေနဲ့ Super Red နှုတ်ခမ်းနီ ပရိုမိုးရှင်းပွဲတွေကိုတော့ မြို့တော်တော်များများမှာ ဆက်တိုက်ဆိုသလို ကျင်းပလျက်ရှိပါတယ်။

play

 

ဒီနေ့ (အောက်တိုဘာ ၂၃)ရက်နေ့မှာတော့ သူမရဲ့ အခွေနဲ့ နှုတ်ခမ်းနီ ပရိုမိုးရှင်းပွဲကို မော်လမြိုင်မြို့မှာ ကျင်းပခဲ့ပါတယ်။  ပရိုမိုးရှင်းပွဲများကို ရန်ကုန်၊ မန္တလေး၊ မုံရွာ၊ တောင်ကြီးနဲ့ မော်လမြိုင်တို့မှာ ကျင်းပခဲ့ကာ ပရိသတ်အားပေးမှုလည်း ရရှိခဲ့ပါတယ်။

play

 

ဒီနေ့ ကျင်းပတဲ့ မော်လမြိုင်ပွဲလည်း သူမရဲ့ ပရိသတ်များ တစ်ခဲနက် လာရောက်အားပေးခဲ့တာကို တွေ့ရပါတယ်။

Photo : နီနီခင်ဇော် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ