Local Celebrity: မြန်မာဆန်ဆန် မိန်းကလေးကို သဘောကျတဲ့ ဟိန်းဝေယံ

play

 

အချစ်ရေးမှာ အေးအေးဆေးဆေးဖြစ်နေတဲ့ ဟိန်းဝေယံက မြန်မာဆန်ဆန် မိန်းကလေးဆိုရင် သဘောကျ တယ်လို့ ဆိုပါတယ်။ မြန်မာဝတ်စုံဝတ်ထားတဲ့ မိန်းကလေးတွေ မြင်ရင် ရင်ခုန်ပေမယ့် လက်ရှိအချစ် ရေးကတော့ အေးအေးဆေးဆေးပါပဲလို့ Sunday Journal မှာ ဖြေဆိုထားပါတယ်။

play

 

ဘဝကို အေးအေးဆေးဆေးပဲ ဖြတ်သန်းချင်တဲ့ ဟိန်းဝေယံက ဘယ်အချိန်မှာ အိမ်ထောင်ပြုမယ်ဆိုတဲ့ စိတ်ကြီးကို လည်းမထည့်ထားဘူးလို့ ဆိုပါတယ်။ လူပျိုကြီး ဖြစ်ချင်လည်း ဖြစ်သွားနိုင်သလို မဖြစ်ခဲ့ရင်လည်း သူ့ရဲ့ စိတ်ကို လုံးဝနားလည်နိုင်မယ့် သူကိုပဲ လက်တွဲမှာပါလို့ ဖြေဆိုထားပါတယ်။

play

 

ဟိန်းဝေယံကတော့ လက်ရှိမှာ စိုးပြည့်သဇင်နဲ့အတူ "ချစ်မိတော့လည်း" ဇာတ်ကားကို စိုးပြည့်သဇင်နဲ့အတူ ရိုက်ကူးနေတယ်လို့ သိရပါတယ်။နိုဝင်ဘာလထဲမှာလည်း ဟိန်းဝေယံရဲ့ "ကြီးကြီးကျယ်ကျယ်" ရုပ်ရှင်ဇာတ်ကား ရုံတင်တော့မယ်လို့ သိရပါတယ်။

Source : Sunday Journal

Photo  : ဟိန်းဝေယံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ