Local Celebrity: နိုဝင်ဘာလထဲ ကျင်းပမယ့် မင်းဦးရဲ့ မင်္ဂလာပွဲ

အောက်တိုဘာ(၂၇)ရက်နေ့မှာ မင်္ဂလာဦးဆွမ်းကျွေး အလှူပြုလုပ်မယ်လို့ သိရပါတယ်။

play

 

ချစ်သူသက်တမ်း(၁၀)နှစ်ကျော်ပြီဖြစ်တဲ့ အကယ်ဒမီ မင်းဦးတို့ စုံတွဲကတော့ လာမယ့် အောက်တိုဘာ(၂၇)ရက်နေ့မှာ မင်္ဂလာလက်မှတ်ရေးထိုးပြီး မင်္ဂလာဦး ဆွမ်းကျွေးအလှူ ပြုလုပ်တော့မယ်လို့ သိရပါတယ်။

play

 

မင်္ဂလာလက်မှတ်ရေးထိုးပြီး မင်္ဂလာဦးဆွမ်းကျွေးအလှူကို အင်းယားကန်ဖျားကျောင်းတိုက်မှာ ပြုလုပ်မှာ ဖြစ်တယ်လို့ သိရပါတယ်။ မင်းဦးနဲ့ ခိုင်ဝေသူတို့ရဲ့ မင်္ဂလာညစာစားပွဲကိုတော့ နိုဝင်ဘာ(၂၇)ရက်နေ့ ညနေ(၆)နာရီ နိုဗိုတယ်ဟိုတယ်တွင် ပြုလုပ်ကျင်းပသွားမှာ ဖြစ်ပါတယ်။

play

 

မင်္ဂလာညစာစားပွဲကိုလည်း ကြီးကြီးကျယ်ကျယ်ကြီး ကျင်းပမှာ မဟုတ်ဘဲ ခင်မင်ရင်းနှီးတဲ့ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းဖို့ ရည်ရွယ်ထားပြီး မင်္ဂလာပွဲအတွက် ပြင်ဆင်ရာမှာလည်း လူခွဲမရှိဘဲ လုပ်နေရတာ ဖြစ်တဲ့ အတွက် အနုပညာမောင်နှမများ၊  မိတ်ဆွေများကို ဖိတ်ကြားရာမှာ ကျန် သွားခဲ့ရင်လည်း ကြိုတင် တောင်းပန်ပါ တယ်လို့ ပေါ်ပြူလာဂျာနယ်ရဲ့ အင်တာဗျူးမှာ ဖြေဆိုထားပါတယ်။

Source : Popular news

Photo  : မင်းဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ