Local Celebrity: ထိုင်းဒါရိုက်တာနဲ့ ကြော်ငြာရိုက်မယ့် ပိုးအိစံ

အခြားအနုပညာရှင်များလည်း ပါဝင်တယ်လို့ သိရပါတယ်။

play

 

မြန်မာသံစဉ်တေးသီချင်းတွေကို ပိုင်နိုင်စွာသီဆိုနိုင်ပြီး ပရိသတ်အားပေးမှု ရရှိထားတဲ့ တေးသံရှင် ပိုးအိစံကတော့ ထိုင်းဒါရိုက်တာနဲ့ ကြော်ငြာရိုက်ကူးဖို့ ကမ်းလှမ်းခံထားရတယ်လို့ သိရပါတယ်။ ထိုင်းကုန်ပစ္စည်းအတွက် ကြော်ငြာ ရိုက်ကူးဖို့ ကမ်းလှမ်းခံထားရတဲ့ ပိုးအိစံကတော့ ကြော်ငြာရိုက်ကူးဖို့အတွက် ညှိုနှိုင်းမှုလေးတွေ လုပ်ရဦးမယ်လို့ ဆိုပါတယ်။

play

 

အဲ့ဒီကြော်ငြာရိုက်ကူးမှုမှာ ပိုးအိစံအပြင် ဗေလုဝ၊ သြရသနဲ့ အိမ့်ချစ်တို့နဲ့အတူ ရိုက်ကူးသွားမှာ ဖြစ်ပြီး ကြော်ငြာကို ၂၀၁၇ခုနှစ် ဇန်နဝါရီ (၁၄)ရက်နေ့မှ (၁၆)ရက်နေ့အထိ ရိုက်ကူးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ