Local Celebrity: နိုင်ငံတကာစင်မြင့်မှာ အောင်မြင်မှု တွေရရှိနေတဲ့ မြန်မာအလှမယ်

Miss Earth Myanmar 2016 နန်းခိုင်ရွှေဝါဝင်း ဖြစ်ပါတယ်။

play
play

 

ပြိုင်ပွဲဝင် (၈၀)ကျော် ဝင်ရောက်ယှဉ်ပြိုင်နေတဲ့ Miss Earth 2016 ပြိုင်ပွဲကြီးတွင် မြန်မာအလှမယ် နန်းခိုင်ရွှေဝါဝင်းက ဆုတံဆိပ် နှစ်ခုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။ အောက်တိုဘာ(၅)ရက်နေ့ကတည်းက Philippines နိုင်ငံမှာ ကျင်းပနေတဲ့ Miss Earth ပြိုင်ပွဲကြီးတွင် အလှမယ် နန်းခိုင်ရွှေဝါဝင်းက Miss Congeniality ဆုနဲ့ Miss Photogenic ဆုနှစ်ခုကို ရရှိခဲ့တယ်လို့ သိရပါတယ်။

play

 

အဲဒီဆုနှစ်ခုဟာ Group လိုက်ပေးတဲ့ ဆုများမဟုတ်ဘဲ နိုင်ငံပေါင်း (၈၀)ကျော်ထဲက ရွေးချယ်ချီးမြှင့်တဲ့ ဆုတွေ ဖြစ်တယ်လို့ သိရပါတယ်။ Miss Earth 2016 Final Night ကတော့  အောက်တိုဘာ(၂၉)ရက်နေ့တွင် ကျင်းပမှာ ဖြစ်တယ်လို့ သိရပါတယ်။

Source & Photo : Miss Golden Land Myanmar

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ