Local Celebrity: အသည်းပုံ နှင်းဆီပန်းတွေကြောင့် ပျော်နေတဲ့ အိချောပို

"ဘယ်သူလာပို့တာပါလိမ့်"လို့လည်း သူမတွေးနေပါတယ်။

play

 

သရုပ်ဆောင် အိချောပိုကတော့ နှင်းဆီပန်းတွေနဲ့ ပုံဖော်ထားတဲ့ အသည်းပုံပန်းပွင့် လက်ဆောင်ရတာကြောင့် ပျော်နေတယ်လို့ သိရပါတယ်။  ရှုတင်က ပြန်ရောက်ရောက်ချင်းမှာ အဲဒီအသည်းပုံ နှင်းဆီပန်းကို လာပို့သွားတာ ဖြစ်တယ်လို့ သိရပါတယ်။ ဘယ်သူလာပို့သွားမှန်းမသိပေမဲ့ အရမ်းကြိုက်ကြောင်း သူမရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောပြထားပါတယ်။

play

 

"ရှုတင်ကပြန်ရောက်ရောက်ချင်း အိမ်မှာ အရမ်းကြိုက်တဲ့ နှင်းဆီပန်းတွေလာပို့ပေးသွားလို့ ကျေးဇူးပါရှင့်။ ဘယ်သူလာပို့တာပါလိမ့်။ ဒါပေမဲ့ အရမ်းကြိုက်အရမ်းပျော်" လို့ ရေးသားထားပါတယ်။

play

 

အိချောပိုက လက်ရှိမှာ "ကြေးကြီးတယ်" ရုပ်ရှင်ဇာတ်ကားကို   မြင့်မြတ်၊ နေမျိုးအောင်၊ ထွန်းကိုကို၊ ဇွဲနိုင်ဝင်း၊ မမြတ်နိုး၊ နေဆန်း၊ ခင်ဇာခြည်ကျော်တို့နဲ့အတူ ရိုက်ကူးနေတယ်လို့သိရပါတယ်။

Photo : အိချောပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ