Local Celebrity: ခံစားချက်ကြောင့် အိမ်အလွမ်းသီချင်းမဆိုနိုင်ခဲ့တဲ့ အောင်ရင်

play

 

အောက်တိုဘာ(၂၂)ရက်နေ့ညက ကျင်းပခဲ့တဲ့ အောင်ရင်ရဲ့ "Aung Yin 32" ဖျော်ဖြေပွဲမှာ အိမ်အလွမ်းသီချင်းကို ပရိသတ်များက တောင်းဆိုခဲ့ပေမဲ့လည်း လက်ရှိအချိန်မှာ မိသားစုကြုံတွေ့နေရတဲ့ ခံစားချက်ကြောင့် အဲဒီသီချင်းကို မဆိုနိုင်ခဲ့ဘူးလို့ သိရပါတယ်။

play

 

"အိမ်အလွမ်းသီချင်း" ကို မဆိုပြနိုင်ခဲ့ပေမဲ့ အောင်ရင်ရဲ့ မိသားစုပုံရိပ်တွေနဲ့အတူ အဲဒီသီချင်းကို LED နဲ့ ပြသခဲ့ ပါတယ်။ ဖျော်ဖြေပွဲမတိုင်ခင်ကတည်းက အပူလျှပ်ပြီး  လည်ပင်းနည်းနည်းရောင်နေခဲ့တဲ့ အောင်ရင်က ဖျော်ဖြေပွဲမှာ အသံနာနေပေမဲ့လည်း သီချင်းအပုဒ်ရေ (၃၀)လောက်နဲ့  ပရိသတ်များ စိတ်ကျေနပ်မှု ရရှိအောင် ဖျော်ဖြေနိုင် ခဲ့ပါတယ်။

Source : 7day TV

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ