Local Celebrity: ယတြာနဲ့ ပတ်သက်ပြီး ပြန်တောင်းပန်တဲ့ ဟိန်းဝေယံ

ဘုရားပစ္စယာထောင့်များတွင် သရုပ်ဆောင် ဟိန်းဝေယံအမည်ဖြင့် ယတြာချေထားမှုများကို ဝေဖန် ကန့်ကွက်ခံနေရပါတယ်။

play

 

မွန်ပြည်နယ် ပေါင်မြို့နယ် မဟာသုဒဿနတောင် ဆုတောင်းပြည့် ဘုရားတွင် သရုပ်ဆောင်ဟိန်းဝေယံ နာမည်နဲ့ ယတြာပြုလုပ်ထားတာနဲ့ ပတ်သက်ပြီး အွန်လိုင်းစာမျက်နှာပေါ်တွင် ဝေဖန်မှုများ ပြင်းထန်နေခဲ့ပါတယ်။

play

 

ဟိန်းဝေယံအနေနဲ့လည်း ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှာ ပျံ့နေတာနဲ့ ပတ်သက်ပြီး စိတ်အနှောက်အယှက်ဖြစ်မိသလို တော်တော်လည်း စိတ်မကောင်းဖြစ်ရတယ်လို့ 8days Journal ကို ဖြေဆိုထားပါတယ်။ အလံမှာ သူ့နာမည် ပါနေတဲ့အတွက် စိတ်မကောင်းဖြစ်ရသလို သူ့မှာ တာဝန်ရှိတယ်လို့မြင်မိကြောင်း အဲဒီကိစ္စနဲ့ ပတ်သက်လို့လည်း ဘုရားဖူးလာသူတွေကို စိတ်အနှောက်အယှက်ဖြစ်စေခဲ့တဲ့အတွက် အနူးအညွှတ်တောင်းပန်ကြောင်းကို ဖြေဆိုပေးထားပါတယ်။

play

 

အဲလို ယတြာပြုလုပ်ထားတာနဲ့ ပတ်သက်ပြီး ဘုရားဂေါပက အဖွဲ့ဝင်များက ခွင့်ပြုထားခြင်းမဟုတ်ကြောင်း နောက်နောင်လည်း ဘုရားဖူးပြည်သူများ စိတ်အနှောက်အယှက်ဖြစ်စေမယ့် ယတြာကို မလုပ်ကြဖို့အတွက် တားမြစ်သွားမယ်လို့  ဂေါပက အဖွဲ့ဝင်များက 7day Daily ကို ဖြေဆိုထားပါတယ်။

Source : 8days Journal ၊ 7day Daily

Photo  : ဟိန်းဝေယံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ