Local Celebrity: အင်းလေးက အမှတ်တရတွေကို ပြောပြလာတဲ့ ဆုမြတ်နိုးဦး

ရုပ်ရှင်ဇာတ်ကားတွေ ဆက်တိုက် ရိုက်ကူးနေတယ်လို့ သိရပါတယ်။

play

 

"လရောင်ဖြာတဲ့အင်းလေးမှာ" ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို အင်းလေးမှာ ရက်အတန်ကြာ သွားရောက်ရိုက်ကူးခဲ့ပါတယ်။ နေတိုး၊ ဝတ်မှုံရွှေရည်၊ ဝါဇင်တို့နဲ့အတူ ပါဝင်ရိုက်ကူးခဲ့တာဖြစ်ပြီး သူမက ဝါဇင်ကို တစ်ဖက်သတ်ကြိုက်တဲ့ ကောင်မ လေး နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်လို့ သိရပါတယ်။

play

 

အဲဒီရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်တဲ့ သရုပ်ဆောင် ဆုမြတ်နိုးဦးက အင်းလေးမှာ ရိုက်ကူးခဲ့တဲ့ ရိုက်ကွင်းတိုင်းမှာ အမှတ်တရတွေ ရှိခဲ့တယ်လို့ ဆိုပါတယ်။

‘‘ပုံမှန်က ကုန်းလမ်းနဲ့ပဲ သွား နေရတာ။ အင်းထဲမှာကျတော့ ရေလမ်းနဲ့ သွားရတယ်။ ရေ ကြောက်တာတော့ မရှိပေမဲ့ သူတို့ဆီမှာက     ညနေဘက်ဆို ဘယ်သူမှ မထွက်တော့ဘူး။ တစ်ခါတလေ Night Scene တွေ လည်း ရိုက်ရတော့ ညဥ့်နက်မှ ပြန်ရတာတွေ၊ မနက်စောစောမှ ပြန်ရတာတွေ ရှိတယ်။ အဲဒါတွေကျ တော့ လှေသမားတွေကလည်း စိတ်ပူတယ်။ သူတို့လည်း သွားနေ ကျမဟုတ်တော့။ ညဘက်က မှောင်နေတော့ အန္တရာယ်များ တယ်ပေါ့။ ဒါပေမဲ့ မြတ်နိုးတို့ကျတော့ မသွားလို့လည်းမရဘူးလေ။ အဲဒါတွေကတော့ အမှတ်တရပါ ပဲ’’လို့ သူမက 7day Daily ကို ပြောပြထားပါတယ်။

play

 

"လရောင်ဖြာတဲ့ အင်းလေးမှာ " ရုပ်ရှင်ဇာတ်ကား ရိုက်ကူးပြီးသွာရင်လည်း ဒါရိုက်တာ ဝင်းထွန်းထွန်းရိုက်ကူးမယ့် "င့ါရဲ့သူရဲကောင်း " ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ ရှိတယ်လို့ သိရပါတယ်။

Source : 7day Daily

Photo  : ဆုမြတ်နိုးဦး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ