Local Celebrity: အနုပညာအလုပ်တွေ ပြန်လုပ်လာတဲ့ ဇင်ဇင်ဇော်မြင့်

ဖက်ရှင်ရှိုးတော်တော်များများမှာ ပါဝင်လာတာ တွေ့ရပါတယ်။

play

 

စီးပွားရေးလုပ်ငန်းတွေ လုပ်လာတဲ့ ဇင်ဇင်ဇော်မြင့်က အနုပညာအလုပ်တွေ ပြန်လုပ်လာတာလည်း တွေ့ရပါတယ်။ ZZ Gems and Jewellery ဆိုင်ခွဲသုံးဆိုင်ဖွင့်လှစ်ထားတဲ့ သူမက ဝါသနာအရ ဖြစ်ပြီး သူမကိုယ်တိုင်လည်း ဒီဇိုင်းလှလှလေးတွေ လုပ်ရတာ အရမ်းဝါသနာပါတာကြောင့် အဲ့ဒီဆိုင်လေး တွေကို ဖွင့်လှစ်ထားတာဖြစ်တယ်လို့ ဆိုပါတယ်။

play

 

မိသားစုနဲ့ စီးပွားရေးဘက်ကို အချိန်ပေးနေရပေမယ့်လည်း ဝါသနာပါတဲ့ အနုပညာအလုပ်တွေကို တစ်ဖက်မှာ ပြန်လည်လုပ်ကိုင်လာတာလည်းတွေ့ရပါတယ်။

play

 

ဖက်ရှင်ရှိုးပွဲတော်တော်များများမှာ ပါဝင်နေသလို ဓာတ်ပုံရိုက်ကူးမှုတွေနဲ့ ကြော်ငြာရိုက်ကူးမှု တွေကိုလည်း လုပ်နေတာကိုတွေ့ရပါတယ်။ လက်ရှိမှာလည်း  ပြက္ခဒိန်ရာသီရောက်ပြီ ဖြစ်တာကြောင့် ပြက္ခဒိန်တွေလည်း ရိုက်ထားတယ်လို့ သူမက ဆိုပါတယ်။

Source : Popular news

Photo  : ဇင်ဇင်ဇော်မြင့် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ