Local Celebrity: ဖိုးသောကြာရဲ့ သမီးလေးတစ်နှစ်ပြည့်မွေးနေ့

, updated

သမီးလေးနာမည်က ရွှေသုလို့ ပေးထားပါတယ်။

play

 

မြန်မာသံစဉ် အဆိုတော် တစ်ဦး ဖြစ်သလို သရုပ်ဆောင်တစ်ဦးဖြစ်တဲ့ ဖိုးသောကြာရဲ့ သမီးဦး ရတနာလေး ဖြစ်တဲ့ ရွှေသုလေးရဲ့ တစ်နှစ်ပြည့်မွေးနေ့ကို ဒီနေ့နံနက်(အောက်တိုဘာ ၂၇)ရက်နေ့က ကျင်းပခဲ့ပါတယ်။

play

 

သမီးလေးရဲ့ တစ်နှစ်ပြည့် မွေးနေ့အလှူကို ကမ္ဘာအေးစေတီတော်အနီးမှာရှိတဲ့ နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ် (ရန်ကုန်) မိုးကုတ်ဆွမ်းစားဆောင်မှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

 ဖိုးသောကြာနဲ့ မလှိုင်စုရတနာ တို့ရဲ့သမီးလေးမွေးနေ့ကို အနုပညာအသိုင်းအဝိုင်းမှ ညီအစ်ကို မောင်နှများနဲ့ မိတ်ဆွေများက တက်ရောက်ပေးခဲ့တယ်လို့သိရပါတယ်။

Photo : ဖိုးသောကြာ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ