Local Celebrity: အခွေသစ်အတွက် ပြင်ဆင်နေတဲ့ ပိုပို

တတိယအခွေအတွက် ပြင်ဆင်နေတာ ဖြစ်ပါတယ်။

play

 

မကြာသေးမီက "အလွမ်းသီချင်းကြိုက်တဲ့ရေဒီယို" MTV ထွက်ရှိထားတဲ့ အဆိုတော် ပိုပိုက တတိယအခွေအတွက် သီချင်းသစ်တွေ ပြင်ဆင်နေပြီလို့  သိရပါတယ်။ သီချင်းခွေသစ်ထဲမှာ သူမကိုယ်တိုင်ရေးသားထားတဲ့ သီချင်းတွေထက် အခြားသော အဆိုတော်များနဲ့ တေးရေးဆရာများ ရေးသားတဲ့ သီချင်းများကို ထည့်ပေးသွားမယ်လို့ ဆိုပါတယ်။

play

 

သီချင်းများကို ကိုယ်တိုင်ရေးသားနေကြ ပိုပိုက သီချင်းခွေသစ်ထဲမှာတော့ ပရိသတ်တွေ ခံစားမှု အသစ်တွေ ပေးနိုင် ဖို့အတွက် ပြင်ဆင်ထားတယ်လို့ ပြောပါတယ်။ တတိယအခွေထဲအတွက် လက်ရှိမှာ သီချင်းနှစ်ပုဒ် ရေးသားပြီး သွားပြီ ဖြစ်တယ်လို့သိရပါတယ်။

play

 

အဲ့ဒီအခွေထဲမှာ ကျားပေါက်နဲ့ ဆောင်းဦးလှိုင်တို့ရဲ့ သီချင်းအသစ်တွေလည်း ပါဝင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ ဂီတနဲ့ ပတ်သက်လာရင် အသစ်တွေကို ကြိုက်နှစ်သက်တဲ့ ပိုပိုက ပရိသတ်တွေအတွက်လည်း အသစ်ဖြစ်အောင် ကြိုးစားနေပါတယ်လို့ ဆိုပါတယ်။

Source : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ