Local Celebrity: ကျပ်သိန်းတစ်ထောင်ထိ ချီးမြှင့်မယ့် သီချင်းဆိုပြိုင်ပွဲ

, updated

အသက်(၁၅)နှစ်မှ(၃၅)နှစ်အတွင်း ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့သိရပါတယ်။

play

 

Galaxy Star အမည်ရှိတဲ့ သီချင်းဆိုပြိုင်ပွဲကို ၂၀၁၆ခုနှစ် ဒီဇင်ဘာလတွင် စတင်ပြုလုပ်မယ်လို့သိရပါတယ်။ တေးစီးရီးထုတ်ခွင့်နဲ့ကျပ်သိန်းတစ်ထောင်တိတိ ချီးမြှင့်မယ့် သီချင်းဆိုပြိုင်ပွဲမှာ အသက်(၁၅)နှစ်မှ (၃၅)နှစ်အတွင်း မည်သူမဆို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ ဝင်ရောက်ယှဉ်ပြိုင်နိုင်တယ်လို့ သိရပါတယ်။ အဲဒီပြိုင်ပွဲကို ဆမ်ဆောင်းမြန်မာနဲ့ Namin ကုမ္ပဏိတို့ ပူးပေါင်းပြီး ပြုလုပ်တာ ဖြစ်ပြီး Local Challenge, Premier Challenge, Galaxy Camp, KoreaTraining Camp နှင့် Dream League ဆိုပြီး အဆင့်ငါးခု သတ် မှတ်ထားတယ်လို့ သိရပါတယ်။

play

 

ပထမဆုံးအဆင့် Local Challenge ကို တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၅ ခုတွင် လုပ်ဆောင် မည်ဖြစ်ပြီး အဖွဲ့ပေါင်း ၁၅၀ ကို အောင်မြင်သူများအဖြစ် ရွေးချယ်ကာ ဒုတိယအဆင့်ဖြစ်တဲ့ Premier Challenge ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။ ဒုတိယအဆင့်ပြိုင်ပွဲကို ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် ပြုလုပ်မည်ဖြစ်ပြီး အဖွဲ့ ၁၅၀ အ နက် အဖွဲ့ ၇၀ အား ရွေးချယ်မည် ဖြစ်သည်။ တတိယအဆင့်တွင် ပြိုင်ပွဲဝင်များကို ခုနစ်ရက်ကြာ စခန်းသွင်းလေ့ကျင့်ပေး၍ အဖွဲ့ ၁၂ ဖွဲ့ကို ဆက်လက်ရွေးချယ်မည် ဖြစ်သည်။

play

 

နောက်ဆုံးအဆင့် Dream League အစီအစဉ်ကို မတူညီ သော အဆင့်လေးခုဖြင့် ရန်ကုန် မြို့တွင် ပြုလုပ်မည်ဖြစ်ပြီး ရွေး ချယ်ခံရသူများအား တစ်လတိတိ လေ့ကျင့်သင်ကြားပေးမှာ ဖြစ်ပါတယ်။ နောက်ဆုံးအဆင့် အနိုင်ရရှိ သူ (သို့မဟုတ်) အနိုင်ရအဖွဲ့က ဆုကြေးငွေ ကျပ်သိန်းတစ် ထောင်နှင့် တစ်နှစ်အတွင်း ကိုယ် ပိုင်စီးရီးအခွေကို ကိုရီးယားနိုင်ငံ တွင် ရိုက်ကူးခွင့်ရရှိမည်ဖြစ်ကာ ကမ္ဘာကျော်အနုပညာကြယ်ပွင့် ဖြစ်လာနိုင်ကြောင်း ဆမ်ဆောင်း မြန်မာက သတင်းထုတ်ပြန်လိုက်ပါတယ်။အဲဒီပြိုင်ပွဲအတွက် ဂရေ ဟမ်၊ ဖိုးကာ၊ ဆုန်သင်းပါရ်၊ ဖြူ ဖြူကျော်သိန်းနှင့် J-Me တို့က အကဲဖြတ်ဒိုင်များအဖြစ် ပါဝင် မည်ဖြစ်ပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ