Local Celebrity: တစ်ပတ်အတွင်း လူကြည့်အများဆုံး ပြည်တွင်းအနုပညာသတင်း

, updated
play

 

အတူတူနေဖို့ အဆင်မပြေတော့တာကြောင့် လမ်းခွဲလိုက်တဲ့ အောင်လတို့ စုံတွဲ

အဆိုတော် အောင်လနဲ့ ဇနီးဖြစ်သူ မိုးငယ်တို့က စက်တင်ဘာ(၂၀)ရက်နေ့က နှစ်ဦးသဘောတူ ကွာရှင်းပြတ်စဲခဲ့ပြီး ဖြစ်ကြောင်း အောင်လက သူ့ရဲ့ ဖေ့စ်ဘွတ်စာ မျက်နှာပေါ်မှာ ရေးသားဖော်ပြခဲ့ပါတယ်။ Long Distance Relation ကနေ လက်တွဲခဲ့တဲ့ သူတို့နှစ်ဦးဟာ တစ်နှစ်မှ တစ်ခါလောက် တွေ့ရတာ ဖြစ်ပြီး အတူတူနေဖို့ အဆင်မပြေတော့တဲ့ အတွက် မနှစ်ကတည်းက လမ်းခွဲဖို့ စီစဉ်ခဲ့ကြတာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

ယတြာနဲ့ ပတ်သက်ပြီး ပြန်တောင်းပန်တဲ့ ဟိန်းဝေယံ

မွန်ပြည်နယ် ပေါင်မြို့နယ် မဟာသုဒဿနတောင် ဆုတောင်းပြည့် ဘုရားတွင် သရုပ်ဆောင်ဟိန်းဝေယံ နာမည်နဲ့ ယတြာပြုလုပ်ထားတာနဲ့ ပတ်သက်ပြီး အွန်လိုင်းစာမျက်နှာပေါ်တွင် ဝေဖန်မှုများ ပြင်းထန်နေခဲ့ပါတယ်။

play

 

ကွာရှင်းထားတာ မှန်ကန်ကြောင်း အတည်ပြုလိုက်တဲ့ ဝိုင်းစုခိုင်သိန်း

အဆိုတော် ဝိုင်းစုခိုင်သိန်းနဲ့ ဥက္ကာမြင့်ကြူတို့ စိတ်သဘောထားချင်း မတိုက်ဆိုင်တော့တဲ့အတွက် နှစ်ဖက် သက်သေ လူကြီးများရှေ့မှောက်မှာ  ကွာရှင်းပြတ်စဲ လိုက်ပြီ ဖြစ်ကြောင်းကို ယနေ့ထုတ် မြန်မာ့အလင်းသတင်း စာထဲမှာ ထည့်သွင်းကြေညာခဲ့ပါတယ်။

play

 

ဘီကနီနဲ့ လန်းနေတဲ့ မထက်နဲ့ ဂျေနော

ငွေဆောင်မှာ Music Video ရိုက်ကူးဖို့ ရောက်နေတဲ့ မထက်နဲ့ ဂျေနောကတော့ အောက်တိုဘာ(၂၄)ရက်နေ့ ညက အလန်းစား ဓာတ်ပုံတွေကို မထက်ရဲ့ ဖေ့စ်ဘွတ်မှာ တင်လိုက်ပါတယ်။

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ