Local Celebrity: နောက်အိမ်ထောင်ပြုဖို့အစီအစဉ်မရှိသေးတဲ့ အောင်လ

မိသားစုဘဝကိုတော့ လိုချင်တယ်လို့ ဆိုပါတယ်။

play

 

မကြာသေးခင်လပိုင်းက ဇနီးဖြစ်သူနဲ့ ကွာရှင်းထားတဲ့ အဆိုတော် အောင်လေက နောက်ထပ် မိသားစုဘဝကို လိုချင်ပေမယ့် နောက်ထပ်အိမ်ထောင်ပြုဖို့တော့ အစီအစဉ်မရှိသေးဘူးလို့ ဆိုပါတယ်။ Long Distance Relationship ကြောင့် နှစ်ဦးသဘောတူ လမ်းခွဲခဲ့တဲ့ သူတို့နှစ်ယောက်ကတော့ ချစ်သူသက်တမ်းငါးနှစ်ရှိပြီး အိမ်ထောင်သက် နှစ်နှစ် ရှိခဲ့တယ်လို့ သိရပါတယ်။

play

 

လက်ရှိမှာတော့ အဆိုတော် အောင်လက နောက်ထွက်မယ့် စီးရီးအတွက် သီချင်းသစ်တွေ ပြင်ဆင်နေတာ ပြီးသလောက်ရှိပြီ ဖြစ်ကာ ၂၀၁၇ခုနှစ် ဇန်နဝါရီလောက်မှာ ထွက်နိုင်အောင်ကြိုးစားနေတယ်လို့ သိရပါတယ်။

play

 

ပရိသတ်တွေအနေနဲ့လည်း သူ့ရဲ့  အနုပညာကိုပဲ အားပေးစေချင်ကြောင်း 8days Journal မှာ ဖြေဆိုထားပါတယ်။

Source :  8days Journal

Photo  : အောင်လ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ