Local Celebrity: ဒီနှစ်လည်း ကထိန်ခင်းမယ့် ပိုပို

အလှူအတန်းနဲ့ ပတ်သက်လာရင် လက်မနှေးတတ်တဲ့ အနုပညာရှင်တစ်ဦး ဖြစ်ပါတယ်။

play

 

အလှူအတန်းနဲ့ ပတ်သက်လာရင် ဘယ်တော့မှ လက်မနှေးတတ်တဲ့ အနုပညာရှင်တစ်ဦးဖြစ်တဲ့ အဆိုတော် ပိုပိုက ကထိန်ရာသီ ရောက်လာပြီ ဖြစ်တဲ့အတွက် ဒီနှစ်ကိုလည်း ကထိန်ခင်းဦးမယ်လို့ ဆိုပါတယ်။ သန်လျင်မှာ တရားစခန်း ဝင်တုန်းကလည်း ကထိန်အတွက် အလှူငွေအနေနဲ့ ပါဝင်လှူဒါန်းခဲ့သေးသလို နောက်ထပ်လည်း လှူဖို့ရှိတယ်လို့ သိရပါတယ်။

play

 

ဒီနှစ်ကထိန်အလှူမှာလည်း We love Po Po Fan တွေက ပါဝင်မှာ ဖြစ်ပြီး ကထိန်ခင်းဖို့အတွက် ပရိသတ်တွေက အလှူပစ္စည်းတွေ စုနေပြီဖြစ်တာကြောင့် မမေ့မလျော့ဘဲနဲ့ ကထိန်ခင်းဖို့ရှိတယ်လို့ ပေါ်ပြူလာဂျာနယ်မှာ ဖြေဆိုပေးထားပါတယ်။

play

 

လက်ရှိမှာတော့ "အလွမ်းသီချင်းကြိုက်တဲ့ ရေဒီယို"MTV အတွက် ပရိုမိုးရှင်း ကိစ္စတွေနဲ့ အဲ့ဘက်ကို မလှည့်နိုင်သေးဘူး ဖြစ်နေတာလို့ ဆိုပါတယ်။

Source : Popular News

Photo  : ပိုပို ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ