play

 

ပြည်ပရောက်မြန်မာနိုင်ငံသားတွေအတွက် မြန်မာဇာတ်ကားများကို အဓိက ပြသပေမယ့် ထိုင်းအခြေစိုက် မဟာချန်နယ် တစ်ခုကို အောက်တိုဘာ(၃၀)ရက်နေ့မှာ စတင်ထုတ်လွှင့်သွားမယ်လို့ သိရပါတယ်။ အဲ့ဒီချန်နယ်ကို ထိုင်းအခြေစိုက် PSI ရုပ်သံလိုင်းက ထုတ်လွှင့်ပြသ ပေးမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံနဲ့ မလေးရှားမှာ ရှိတဲ့ မြန်မာတွေ ကြည့်ရှုလို့ရအောင် အဓိက ထုတ်လွှင့်သွားမှာ ဖြစ်ပြီး အဲ့ဒီရုပ်သံလိုင်း ကိုလည်း မြန်မာနိုင်ငံက လူတွေ ကြည့်ရှုနိုင်ဖို့အတွက် မြန်မာနိုင်ငံမှာရှိတဲ့ ရုပ်သံလိုင်းတွေနဲ့လည်း ထပ်မံချိတ်ဆက် သွားဖို့ရှိတယ်လို့ သိရပါတယ်။

ပြည်ပရောက် မြန်မာတွေအနေနဲ့PSI Set Top Box ရှိပါက အခမဲ့ ဖမ်းယူကြည့်ရှုနိုင်ပြီး အောက်တိုဘာ(၃၀)ရက်နေ့မှ စကာ နံနက်(၆)နာရီ(ထိုင်းစံတော်ချိန် ၆နာရီခွဲ)တွင် တစ်ရက်လျှင် ၂၂နာရီ ထုတ်လွှင့်ပြသပေးသွားမှာ ဖြစ်ပါတယ်။ မြန်မာဇာတ်ကားများကို ထိုင်း၊ မလေးရှား၊လာအိုမှာရောက်ရှိနေကြတဲ့ ပြည်ပရောက် မြန်မာတွေ ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။

Source & Photo: 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။
Video