Local Celebrity: ဘုဏ်းသိုက်နဲ့ ချမ်းချမ်းတို့ရဲ့ ကထိန်အလှူ

play

 

သရုပ်ဆောင် ဒါရိုက်တာ ဘုဏ်းသိုက်နဲ့ အဆိုတော် ချမ်းချမ်းတို့ရဲ့ မိသားစု ကထိန်အလှူကိုတော့ အောက်တိုဘာ(၂၇)ရက်နေ့က ညောင်ဦး ဇေတဝန်ဘုန်းတော်ကြီး ပညာသင်ကျောင်းမှာ ပြုလုပ်ခဲ့ပါတယ်။ ကထိန်အလှူမှာ ကထိန်သင်္ကန်းများ၊ စာရေးကိရိယာများ၊အာဟာရဒါန၊ ပညာရေးပဒေသာပင်များ စိုက်ထူခြင်းများ ပြုလုပ်ခဲ့ပါတယ်။

play

play

 

ဒီလို အလှူမျိုးကို ပြုလုပ်ခဲ့ရတဲ့အတွက်လည်း အရမ်းကို ကြည်နူးမိကြောင်း ဘုဏ်းသိုက်က သူ့ရဲ့ ဖေ့စ်ဘွတ်ပေါ်မှာ ပြောပြထားပါတယ်။

play

 

"ပုဂံ မှာ ကထိန်ခင်းတယ်။ ဘုန်းကြီးပညာသင်ကြားရေးကျောင်းက ကလေးတွေ  အတွက် ပညာရေး ပဒေသာပင်စိုက်ခဲ့ တယ်။ ကလေးတွေအတွက် စာရေးကိရိယာတွေ လှူတယ်။ ကြည်နူးတယ်။ အပျော်ရွှင်ရဆုံးက သူတို့ကို ကြဲတဲ့ပိုက်ဆံ ထဲမှာ surprise လုပ်ထားတာပဲ  ဥပမာ နှစ်ရာတန်အထဲမှာ ငါးရာတန်ကို ညှပ်ထား တာမျိုး  ငါးရာတန်သုံးလေးရွက် ကို ထပ်ပြီး ခေါက်ထားတာမျိုး ပုဂံမှာ ကြဲခဲ့တဲ့ မျိုးစေ့လေး အပင်မှန်ပါစေ။ ပုဂံမှာ စိုက်ခဲ့တဲ့ အပင်လေးရဲ့အရိပ်ကို သူတို့လေးတွေရဲ့ မျိုးဆက် လေးတွေထိ ခိုနိုင်ပါစေ။" လို့ တောင်းဆုပြုခဲ့ကြောင်းလည်း သူကဆိုပါတယ်။

Photo : ဘုဏ်းသိုက် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ