Local Celebrity: စွမ်းသူမိုးနဲ့ မိုးယုစံတို့ရဲ့ စုလျားရစ်ပတ် ထိမ်းမြားမင်္ဂလာပွဲ

Melia ဟိုတယ်မှာ ကျင်းပခဲ့တာ ဖြစ်ပါတယ်။

play

 

စွမ်းသူမိုးနဲ့ သရုပ်ဆောင် မိုးယုစဲတို့ရဲ့ စုလျားရစ်ပတ်ဘိသိတ်မင်္ဂလာပွဲကို အောက်တိုဘာ(၂၉)ရက်နေ့ နံနက်က ရန်ကုန်မြို့ရှိ Melia ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့ပါတယ်။

play

 

မင်္ဂလာပွဲသို့ နှစ်ဖက်သော မိဘဆွေမျိုးများနဲ့ မိတ်ဆွေများ၊ အနုပညာမောင်နှမများက တက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။

play

 

မင်္ဂလာပွဲမှာ မင်္ဂလာပန်းကြဲကို သရုပ်ဆောင် ဟိန်းဝေယံနဲ့ စိုးပြည့်သဇင်၊ မင်္ဂလာပန်းကုံးနဲ့မင်္ဂလာလက်စွပ်ကို သရုပ်ဆောင် သဉ္ဇာနွယ်ဝင်းနဲ့နန်းမြတ်ဖြိုးသင်းတို့က ကိုင်ဆောင်ပေးခဲ့ကြပြီး မင်္ဂလာသတို့သားနဲ့ သတို့သမီးအရံများအဖြစ်  သရုပ်ဆောင်မြတ်သူကျော်၊ ခါရာ၊ ရတနာမိုင်နဲ့ မေမြင့်မိုရ်တို့ ဆောင်ရွက်ပေးခဲ့ကြပါတယ်။

play

 

စွမ်းသူမိုးနဲ့ မိုးယုစံတို့ရဲ့ မင်္ဂလာညစာစားပွဲအခမ်းအနားကို အောက်တိုဘာ(၃၁)ရက်နေ့ နိုဗိုတယ်ဟိုတယ်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo : ပြည်မြန်မာ

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ