Local Celebrity: မိုးယုစံတို့ ဇနီးမောင်နှံရဲ့ မင်္ဂလာဦးအလှူ

ငွေကျပ် သိန်း(၃၀) လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။

play

 

စွမ်းသူမိုးနဲ့ မိုးယုစံတို့ ဇနီးမောင်နှံနှစ်ဦးက  (အောက်တိုဘာ၂၉)ရက်နေ့မှာ မင်္ဂလာဦးအလှူ တစ်ခုကို ပြုလုပ်ခဲ့ ပါတယ်။ အဲ့ဒါကတော့ ပန်းသီဖောင်ဒေးရှင်းမှ မိဘမဲ့ကလေးအယောက် (၁၀၀)အတွက် ဘီပိုးကာကွယ်ဆေးထိုးရန် ငွေကျပ် သိန်း(၃၀)ကို လှူဒါန်းခဲ့တယ်လို့ သိရပါတယ် ။

play

 

မင်္ဂလာဦးအလှူအဖြစ် ဇနီးမောင်နှံနှစ်ယောက်အတူသွားကာ ကုသိုလ်ပြုခဲ့တဲ့ ပုံကိုလည်း မိုးယုစံရဲ့ ဖေ့စ်ဘွတ်မှာ တင်ထားပါတယ်။ မိုးယုစံတို့ရဲ့ မင်္ဂလာညစာစားပွဲ အခမ်းအနားကိုလည်း အောက်တိုဘာ(၃၁)ရက်နေ့ နိုဗိုတယ် ဟိုတယ်တွင် ကျင်းပသွားမှာ ဖြစ်ပါတယ်။

Photo : မိုးယုစံ ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ