Local Celebrity: ဖျော်ဖြေပွဲကို အားမရခဲ့တဲ့ မာရဇ္ဇ

ပွဲမတိုင်ခင်က နေမကောင်းဖြစ်ခဲ့တယ်လို့ သိရပါတယ်။

play

 

ပရိသတ်အားပေးမှု ရရှိခဲ့တဲ့ ‘‘မာရဇ္ဇ Unplugged နဲ့ အချိန်အခါ" ဖျော်ဖြေပွဲကို ဖျော်ဖြေသူ မာရဇ္ဇက ကိုယ့်ကိုယ်ကိုယ် အားမရခဲ့ဘူးလို့ ဆိုပါတယ်။ဖျော်ဖြေပွဲမတိုင်ခင် ခြောက်ရက်လောက် အိပ်ရာထဲလဲသွားခဲ့တာကြောင့် ဖျော်ဖြေပွဲမှာ သီချင်းဆိုရတာ အားရမှု သိပ်မရှိဘူးလို့ သိရပါတယ်။

play

 

ဖျော်ဖြေပွဲကို အောက်တို ဘာ (၂၈) ရက်ညက အမျိုးသားက ဇာတ်ရုံ၌ ပြုလုပ်ပြီး နောက်ဆုံးထွက်ရှိထားသော အ ချိန်အခါတစ်ကိုယ်တော်အခွေထဲက သီချင်းအားလုံးကို ဖျော်ဖြေပေးခဲ့ကာ ပရိသတ်အားပေးမှုရရှိခဲ့တဲ့ သူ့ရဲ့ တေးသီချင်း  စုစုပေါင်း ၃၁ ပုဒ်ဖျော်ဖြေပေးခဲ့ပါတယ်။

မာရဇ္ဇကိုယ်တိုင်က အားမရခဲ့တဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ပေမဲ့လည်း ယခင်နှစ်ပွဲတွေထက် ပိုမိုကောင်းမွန်းတဲ့ ပွဲတစ်ပွဲ ဖြစ်တယ် လို့ ပရိသတ်တွေက မှတ်ချက်ချခဲ့ပါတယ်။ အဲ့အတွက်လည်း အားပေးခဲ့တဲ့ပရိသတ်အားလုံးကို ကျေးဇူးတင်သလို ယခုလို မှတ်ချက်ချပေးတာကြောင့်လည်း ဝမ်းသာမိပါတယ်လို့ သူကဆိုပါတယ်။

Source & Photo : 7day Daily

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ