Local Celebrity: မင်းသွေးနဲ့အတူ နေပူဆာလှုံနေတဲ့ စည်ဖြိုး

အသားမဲစစ်ဆင်ရေးလုပ်နေတာလို့ ဆိုပါတယ်။

play

 

သရုပ်ဆောင် စည်ဖြိုးက ရုပ်ရှင်ဇာတ်ကားတစ်ကားရိုက်ကူးဖို့အတွက် မင်းသွေးနဲ့အတူ အသားမဲစစ်ဆေးရေး လုပ်နေတယ်လို့ သိရပါတယ်။ စည်ဖြိုးက အားမာန်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်ရိုက်ကူးတဲ့ "လေးပါကျော့ရှိန် ဝရဇိန်" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်ရိုက်ကူးသွားဖို့ ရှိတယ်လို့ သိရပါတယ်။

play

 

အဲ့ဒီဇာတ်ကားအတွက်ပဲ အသားမဲအောင်လို့ နေပူဆာလှုံနေတာ ဖြစ်တယ်လို့ သိရပါတယ်။

play

 

 "လေးပါကျော့ရှိန်ဝရဇိန်"  ရုပ်ရှင်ဇာတ်ကားကို နိုဝင်ဘာ(၁)ရက်နေ့မှာ စတင်ရိုက်ကူးမှာ ဖြစ်ပြီး မင်းမော်ကွန်း၊ ထွန်းထွန်း၊ နေမင်း၊ မင်းသွေး၊ ပိုင်ဖြိုးသု၊ ရွှေသမီး၊ သံသာမိုးသိမ့်နဲ့ အတူ ပါဝင်သရုပ်ဆောင်မှာ ဖြစ်ပါတယ်။

Photo : စည်ဖြိုး ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ