Local Celebrity: အားကစားနဲ့ ပတ်သက်တဲ့ဇာတ်ကားတွေ ရိုက်ချင်သူ ထားထက်ထက်

"အယူတော် မင်္ဂလာ"ရုပ်ရှင်ဇာတ်ကားထဲမှာ ပါဝင်မယ်လို့ သိရပါတယ်။

play

 

အားကစားဘက်မှာ ထူးချွန်တဲ့ အလှမယ် ထားထက်ထက်က ဇာတ်ကားတွေ ရိုက်ကူးလာပြီ ဖြစ်ပါတယ်။ ဇာတ်ကားရိုက်ကူးမှုတွေ နည်းတာနဲ့ ပတ်သက်ပြီးတော့လည်း အရေအသွေးကို ဦးစားပေးတဲ့ သူဖြစ်တာကြောင့် ဇာတ်ကားရိုက်ကူးမှုတွေ နည်းရတာလို့ ဆိုပါတယ်။

play

 

ဇာတ်လမ်းတွေကို ရွေးပြီး ရိုက်ကူးဖြစ်တဲ့သူမက လာကမ်းလှမ်းလာတဲ့ဇာတ်ကားတွေမှာ အဆင်ပြေနိုင်မယ့် ဇာတ်မျိုး ကိုယ်လုပ်နိုင်တဲ့ ဇာတ်မျိုးတွေကိုပဲ လက်ခံရိုက်ကူးဖြစ်နေတယ်လို့ သိရပါတယ်။

play

 

ဇာတ်ကားရိုက်ကူးမှုမှာလည်း အားကစားနဲ့ ပတ်သက်တဲ့ ဇာတ်ကားတွေ ရိုက်ကူးကြည့်ချင်တယ်လို့ သူမက ပြောပါတယ်။ မကြာခင်မှာတော့ "အယူတော်မင်္ဂလာ" ရုပ်ရှင်ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ဖို့ရှိပြီး အဲ့ဒီဇာတ်ကားရိုက်ကူးပြီးရင်လည်း နောက်ထပ်ဇာတ်ကားတွေ ရိုက်ကူးဖို့ လက်ခံထားတာတွေရှိတယ်လို့ သိရပါတယ်။

Source : Democracy Today

Photo  : ထားထက်ထက် ဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ