Local Celebrity: အေးချမ်းတဲ့ အချစ်ကို ပိုင်ဆိုင်ထားတဲ့ ရွှေထူး

ချစ်သူသက်တမ်း ငါးနှစ်ကျော်ပြီလို့ သိရပါတယ်။

play

 

ချစ်သူသက်တမ်းငါးနှစ်ကျော်ပြီ ဖြစ်တဲ့ ရွှေထူးကတော့ ပိုင်ဆိုင်ထားတဲ့ အချစ်ရေးက အေးချမ်းတယ်လို့ ဆိုပါတယ်။ Long Distance Relationship တစ်ခုဖြစ်တာကြောင့် နားလည်မှုနဲ့ တည်ဆောင်ထားတယ်လို့ သိရပါတယ်။ ချစ်သူကောင်မလေး ဘက် က ပိုပြီး နားလည်ပေးတယ်လို့ သူကဆိုပါတယ်။

play

 

အချစ်သီချင်းဆိုတာကြောင့် မိန်းကလေး ပရိသတ်တွေ အားပေးမှုပိုများတာကိုလည်း နားလည်ပေးတယ်လို့ ရွှေထူးက ဆိုပါတယ်။  မိသားစုအတွက် ကြိုးစားနေရတာကြောင့် ချစ်သူနဲ့ လက်ထပ်ဖို့ကတော့ လိုသေးတယ်လို့ သိရပါတယ်။

play

 

ရွှေထူးကတော့ မကြာခင်မှာ နေတိုး၊ မိုးစက်ဝိုင်တို့နဲ့ ရုပ်ရှင်ဇာတ်ကား ရိုက်ကူးဖို့ ရှိပါတယ်။

Source : 8days Journal

Photo : ရွှေထူးဖေ့စ်ဘွတ်

ဤအကြောင်းအရာကို သင်ဘယ်လိုထင်ပါသလဲ။

နောက်ဆုံးရ သတင်းများ